အခန်း ၄၁၅ ။ လက်ထောက်အစစ်များ

148 27 0
                                    

အခန်း ၄၁၅ ။ လက်ထောက်အစစ်များ

"ဘာဆိုလိုတာလဲ" ကူယွဲ့တန့်သွားတယ်။ လက်ထောက်တွေက cheat တွေပဲ မဟုတ်လား။ သူတို့တွေက သူတို့ကျင့်ကြံဆင့်ကို လိုအပ်သလို ကြိုက်တဲ့အချိန်တိုင်း ထိန်းညှိနိုင်တယ်လေ။ သူတို့တွေကို ဘုံကမ္ဘာရဲ့ စည်းကမ်းတွေကမှ မတင်းကြပ်ထားတာ။

ရှန်းရင်အမူအရာက ပိုတောင်ထူးဆန်းလာပြီး တစ်ယောက်စီကို ခေါင်းစခြေဆုံး စစ်ဆေးတော့တယ်။ အတော်ကြာတော့ သူမက ပြောတယ်။

"ဒီလိုပြောတာပေါ့" သူမက ကျောမတ်ကာ ရှေ့က ဂြိုဟ်၃၀၀၀ကို လက်ညှိုးထိုးပြတယ်။

"နင်တို့ ဘာမြင်လဲ"

ကူယွဲ့နဲ့ ယိချင်းက အကြည့်ချင်းဖလှယ်လိုက်တယ်။ တစ်အောင့်ကြာတော့ သူတို့က ပြောတယ်။

"အာကာသဟင်းလင်းပြင်လား"

ရှန်းရင်မျက်လုံးတွေပြူးကုန်ပြီး အမူအရာက မာကြောကုန်တယ်။ သူမက သူတို့ကို အလုပ်ဖြုတ်ခါနီး ဆဲဆဲပုံ။ နောက်တော့ သက်ပြင်းချကာ ခေါင်းယမ်းတယ်။

"နင်တို့က မျှော်လင့်စရာမရှိဘူးလို့ ထင်နေတာ၊ တကယ် မျက်လုံးပါကန်းနေတာပဲ" သူမ ဘာလုပ်သင့်လဲ။ သူမလက်ထောက်တွေက အခြေခံ ညံ့လွန်းလိုက်တာ။ တကယ်တော့ သူတို့မှာ အခြေခံတောင် မရှိဘူးပဲ။

o()〈))o အာ ပင်ပန်းလိုက်တာ

နှစ်ယောက်သား ။ ။ "..."

"ဒီမျက်နှာပြင်က အာကာသထဲ ဂြိုဟ်၃၀၀၀ ပါဝင်နေတာလို့ မင်းပြောခဲ့တယ်မဟုတ်လား"

ကူယွဲ့မနေနိုင်ဘဲ မေးလိုက်တယ်။

"တကယ်ပဲ နင်တို့တွေ ဒီနေရာကနေ မျက်နှာပြင်တစ်ခုလုံးကို မြင်နိုင်တယ်" ရှန်းရင် မျက်မှောင်ကြုတ်လိုက်တယ်။ ခဏကြာတော့ သူမက ခပ်တိုးတိုးပြောတယ်။

"ဒါပေမဲ့ ဒါက မျက်နှာပြင် တကယ့်ပုံစံလို့ ဘယ်သူပြောလဲ"

"မဟုတ်ဘူးလား" သူတို့နှစ်ယောက် နားထောင်လေ ပိုပြီးဇဝေဇဝါဖြစ်လာလေပဲ။ ကူယွဲ့မြန်မြန် ရှေ့တက်ကာ မေးလိုက်တယ်။

"ကောင်းကင်ဘုံကို ဒီလိုပုံပေါက်အောင် လုပ်တဲ့သူက မင်း မဟုတ်ဘူးလား"

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 3)Où les histoires vivent. Découvrez maintenant