အခန်း ၄၂၀ ။ စိတ်‌အေးအေးထားပါ ဆရာ

137 23 0
                                    

အခန်း ၄၂၀ ။ စိတ်‌အေးအေးထားပါ ဆရာ

ဖေဖေနျိုက မှိုကမ္ဘာဆီ မေ့ပျောက်မြစ်ကိုပြုပြင်ဖို့ ဂျပုလေး နဲ့ထွက်သွားခဲ့တယ်။ သူတို့တွေ ထွက်သွားတာ ရက်ပိုင်းဆိုတော့ ရှန်းရင်နဲ့ ယိချင်းက အတော်လေးကိုအားနေတာ။ ဒါပေမဲ့ စားဖိုမှူးက သူမကို ရှောင်နေတယ်လို့ ရှန်းရင် သိသိသာသာခံစားနေရတယ်။

အပြင်ပန်းမှာတော့ ပုံမှန်အတိုင်းပဲ။ တစ်နေ့ထမင်းငါးနပ် မလွတ်စေရဘူး။ ဒါပေမဲ့ ရှန်းရင် သူ့ကိုမမြင်ရ။ နေ့တိုင်း သူမနိုးလာချိန် မနက်စာက စားပွဲပေါ် ရောက်နေပြီ။ အပင်တွေကို ရေလောင်းဖို့ထွက်သွားချိန် နေ့လယ်စာကအသင့်ဖြစ်နေတယ်။ ညစာ၊ ညမုန့်အဆာပြေနဲ့ မွန်းလွဲလက်ဖက်ရည်အတွက်လည်း အတူတူပဲ။ အားလုံးက အချိန်မီပေါ်လာကြပေမဲ့ သူမရှေ့စားဖိုမှူးပေါ်လာတာကို မမြင်ရရုံပဲ။ နေ့တိုင်း သူက မီးဖိုချောင်ထဲ ပုန်းနေရင်ပုန်း မဟုတ်ရင် မီးဖိုချောင်ဆီသွားတဲ့လမ်းမှာ။

ရှန်းရင် သူမစကားတွေ၊ လုပ်ရက်တွေကို သေချာသုံးသပ်ပြီးတဲ့နောက် အစ်မကြီးက သူ့ကို ပြောမရတဲ့တစ်ခုခု လုပ်ခဲ့တယ်လို့ ပိုပြီးတောင်သေချာလာတယ်။ မဟုတ်ရင် သူက အဲလောက်ထူးဆန်းနေမှာ မဟုတ်။ သူမ အဲနေ့က သူ့စိတ်ဒဏ်ရာတွေကို မတော်တဆ ထိခိုက်မိစေခဲ့တာ နေမယ်။ သူမ အရမ်းကို စကားလှတွေသုံးခဲ့တာတောင်မှပေါ့။ ဒါပေမဲ့ ဒီကမ္ဘာရဲ့ မှော်အတတ်နဲ့ သူက ပြင်ပြီးလောက်သင့်ပြီလေ။ ထူးခြားတဲ့အခြေအနေရှိလား။ ဒီလိုဒဏ်ရာမျိုးကို ခံစားခဲ့ရတဲ့ ယောက်ျားတွေက ပုံမှန်အားဖြင့် စိတ်ဒဏ်ရာတချို့ ကျန်ရစ်ခဲ့တယ်လို့ကြားဖူးတယ်။ ရုတ်တရက် ထောက်ပြခံလိုက်ရတော့ သူ တစ်ခဏလက်မခံနိုင်ဘဲ သူမကိုရှောင်နေတာ သဘာဝပါပဲ။

သူမတစ်ဖက်လှည့်ကာ မီးဖိုချောင်ထဲ ရက်ပိုင်းအလုပ်များနေတဲ့ တစ်ယောက်သောသူကို ကြည့်လိုက်တယ်။ နောက်ဆုံးအဆာသွတ်မုန့်ကို ယူကာ ပါးစပ်ထဲထိုးထည့်ပြီး ထရပ် မီးဖိုချောင်ဆီ လျှောက်လာခဲ့တယ်။ ဆရာ၊ ရည်းစား၊ ဒါမှမဟုတ် စီမံထိန်းသိမ်းသူအနေနဲ့ပဲဖြစ်ဖြစ် တစ်ချက်ကြည့်ကာ အမှန်တရားကို အတည်ပြုသင့်တယ်လို့ ခံစားရတယ်။

ပျင်းနေပြန်တဲ့ ကိုယ့်ဆရာ (Book 3)Tempat cerita menjadi hidup. Temukan sekarang