*တစ်ချို့စာလုံးတွေ uni နဲ့ပေါင်းမရလို့ဖြည့်ဖတ်ပေးပါ*
ဒီနေ့က နောက်ဆုံးရက်ဖြစ်တာမို့ အမူးသောက်ဖို့ပြင်ထားကြသည်။ ဆရာ/ဆရာမ တွေကလဲ နောက်ဆုံးရက်ဖြစ်တာကြောင့် ဘာမှမပြောချေ။
"ယွန်း အရမ်းမသောက်ရဘူးနော်"
"မောင်ကလဲကွာ နောက်ဆုံးရက်လေးကို"
ဂျယ်ယွန်းက မျက်လုံးလေး ပေကလပ် ပေကလပ် လုပ်ကာချွဲလေရဲ့။ ဆောင်ဟွန်းကတော့ခွင့်မပြု။ မရတော့တဲ့အဆုံး ဆောင်ဟွန်းရဲ့ ပါးကနေကိုင်ပြီး နမ်းချလိုက်တယ်။ ဂျယ်ယွန်းရဲ့ ချုပ်ကွက်တွေမှာ ဆောင်ဟွန်းနှလုံးသားကြီးက အရည်ပျော်သွားတယ်။
"ယွန်းရာ ကိုယ့်ကို အသဲယားအောင်မလုပ်နဲ့ကွာ"
"မောင်က ငါ့ကိုမှ သောက်ခွင့်မပေးတာကို ဟွန့်"
"ဟုတ်ပါပြီ သောက်ဗျာ"
"ဟီးဟီး အဲ့ဒါကြောင့် မောင့်ကိုချစ်တာ"
ဂျယ်ယွန်းလဲ တစ်ခြားကျောင်းသားတွေနဲ့အတူ တစ်ခွက်ပြီးတစ်ခွက်သောက်ပါတော့တယ်။ ဆောင်ဟွန်းကတော့ ဂျယ်ယွန်းကိုထိန်းရမှာဖြစ်တာကြောင့် သိပ်မသောက်။ အဲ့အချိန်မှာ ယူနာရောက်လာပြီး အအေးတစ်ခွက်ပေးကာ ပြန်ထွက်သွားတယ်။ ဆောင်ဟွန်းလည်း ဘာမှမဖြစ်ဘူးအထင်နဲ့သောက်လိုက်ပေမဲ့ ခဏအကြာမှာ ဆောင်ဟွန်းတစ်ကိုယ်လုံးပူလာခဲ့တယ်။
"f*ck! ယူနာ ငါ့ကို ဆေးခတ်သွားပြီး"
ဂျယ်ယွန်းကလည်း အရမ်းမူးနေပြီး ဆောင်ဟွန်းပေါ့ကို လဲကျလာတယ်။ ဆောင်ဟွန်းလဲ ဂျယ်ယွန်းကိုချီပြီးအခန်းကိုပြန်လာခဲ့တယ်။ ယူနာကတံခါးလာခေါက်လို့ ထဖွင့်ပေးလိုက်တယ်။ မယုံနိုင်စရာကောင်းလောက်အောင်ပဲ ယူနာက အတွင်းကိုဖောက်မြင်နေရတယ်အကျီနဲ့ဘောင်းဘီအတိုလေးကိုဝတ်ထားတယ်။
"ဘာလာလုပ်တာလဲ"
"ကျွန်မကိုလိုအပ်နေပြီမလား ဆောင်ဟွန်း"
"မလိုအပ်ဘူးမင်းကို
မင်းသွားလို့ရပြီ""နေပါအုံး ကျွန်မ ဝင်လာလို့ရမလား?"
"မရဘူး ယွန်း အိပ်နေတယ်"
"ယွန်း? ဘယ်သူလဲ ယွန်း?"
YOU ARE READING
He's Mine // JakeHoon
Fanfictionချစ်တတ်လွန်းသူကြီးနဲ့ မချစ်ရက်တော့သူတစ်ဦး.. ဒီသံသယာမှာတည့်တည့် ကြီးကိုတိုး...။