part 1

14.8K 622 11
                                    

မိုးများသည်းထန်စွာ ရွာသွန်းနေသော ညတစ်ည
မိုးနှင့်အတူ ပါလာသော မိုးကြိုးများလျှပ်စီးများကလည်း
ထိတ်လန့်ဖွယ် ညကိုပိုမိုအသက်သွင်းပေးနေသည်

လေယာဉ်တစ်စီးက ထိုမိုးသည်းနေသော
ရာသီဥတုကိုအန်တုလျက်
်ပျံသန်းနေသည်

တီ တီ တီ

အချက်ပြနေသော moniter ကိုပိတ်ပြီး
အခြေအနေအားလုံးကိုစစ်ကြည့်လိုက်သည်
အားလုံးokတာပဲ မြေပြင်ဘက်ကလည်း
ထူးခြားမှုမရှိ အားလုံးအေးဆေးပဲဆိုတော့
သူဆင်းရမယ့်နေရာရဲ့ altitudeနဲ့direction ကိုချိန်လိုက်ကာ
george ကိုဖွင့်ပြီးမောင်းနေလိုက်သည်
senior ကလည်း သူ့အားစိတ်ချလက်ချဖြင့် ခဏနားနေသည်
ဒီရာသီဥတုလောက်ကတော့ သူထိန်းနိုင်သေးသည်
တဖြည်းဖြည်းနဲ့ Inchon airportတောင်ရောက်တော့မှာမို့ towerဆီဆက်သွယ်လိုက်သည်

This is moonlight 1301
We ask permission for landing
Please clear of landing !
Have you record this?
I'll repeat. please clear away !

Ok! we got it
all clear

tower မှ ခွင့်ပြုချက်ရတာနှင့် လေယာဉ်ကိုဆင်းရန်ပျံနေသောအမြင့်မှနိမ့်
့လိုက်သည်
altimeterကိုကြည့်လိုက်တော့
ပေ 3000 ပေ2500
တဖြည်းဖြည်းမြေပြင်နှင့်နီးလာတော့
wheel ကိုထုတ်ပြီ ဆင်းရန် ပြင်လိုက်သည်
ထိုအချိန် ပြေးလမ်းပေါ်တွင် ရှိနေသေးသော လေယာဉ်တစ်စင်း
အမြန်ရှောင်တိမ်းရန် မျက်လုံးစုံမှိတ်ပြီး control stickကိုဆွဲတင်လိုက်ပေမယ့်

ဝုန်း ဂျိန်း

မိုးခြိမ်းသံနှင့်အတူသူလန့်နိုးလာသည်
အပြင်မှာမိုးရွာနေပေမယ့် အိပ်မက်ဆိုးမက်ခဲ့သူ
သူ့အဖို့တော့ ချွေးများဖြင့်ရွှဲနေသည်
လန့်နေသဖြင့် အသက်ကိုမောဟိုက်စွာရှုနေရသည် ကုတင်ဘေးမှစားပွဲပေါ်က ရေခွက်ကိုလှမ်းယူပြီး သူတခါတည်း မော့ချလိုက်သည်
ပြီးတော့ သူ့ကိုယ်သူအားပေးစကားပြောလိုက်သည်

အဆင်ပြေသွားမှာပါ Do kyung soo

သက်ပြင်းရှည်တစ်ခုကိုချလိုက်ရင်း ပြန်လှဲအိပ်လိုက်သည် ဒီအိပ်မက်ဆိုးကို ခေါင်းထဲကမောင်းထုတ်လိုက်ရင်း မျက်လုံးများကိုမှိတ်လိုက်ပြီး
တစ်ဖန်အိပ်စက်ခြင်းဆီသို့............

Flying with love [Completed]Where stories live. Discover now