Part 25

4K 397 6
                                    

တစ်စုံတစ်ခုရဲ့ လှုံ့ဆော်မှုကြောင့် kyung soo မျက်လုံးကို အသာဖွင့်ကြည့်လိုက်
တယ် စစချင်း အလင်းရောင်နဲ့ အသားမကျ
သေးတာမို့ လက်နဲ့မျက်လုံးကိုပွတ်ပြီး တဖက်
ကိုလှည့်လိုက်သည်

jong in ; hyung ထတော့

သူအ့တော့မှ မျက်စိရှေ့မှာ ပြုံးပြနေတဲ့ jong
in ကိုတွေ့လိုက်တယ် သူ့ခါးကိုတွယ်ဖက်ထား
တဲ့လက်တစ်စုံကိုလည်း သတိထားမိလိုက်သည် သူအခန်းထဲရောက်နေတာလား??

kyung soo ; onn ဘယ်တုန်းကရောက်နေ
တာလဲ

ူနှိုးနေတာကို မျက်လုံးတောင် မဖွင့်ပဲ အိပ်ချင်မူးတူးနဲ့ သူ့ကိုပြန်ဖက်ပြီး ရင်ခွင်ထဲခေါင်းအပ်ကာ အိပ်နေတဲ့ hyung ကြောင့် သူသဘောကျစွာရယ်လိုက်သည်

jong in ; 15 min လောက်ပဲရှိသေးတယ်

kyung soo ; onn

ကြည့် ပြန်ဖြေနေတဲ့အသံက အိပ်ပျော်နေပြန်ပြီ
ထင်တယ်

jong in ; hyung ထတော့ဆို

kyung soo ; မထချင်သေးဘူး နည်းနည်းလောက်ထပ်အိပ်လို့မရဘူးလား

တကယ်ပါ ရင်ခွင်ထဲကနေ မျက်လုံးမှိတ်ပြီး
တတွတ်တွတ်ပြောနေတဲ့ hyung ကို ဘယ်လို
ချစ်မှန်းမသိဘူး အင်း ဒီလိုချစ်စရာကောင်းတဲ့
ပုံလေးနဲ့ပြောနေတော့လည်း ဘယ်ငြင်းနိုင်မလဲ

jong in ; 15 min ပဲရမယ်

ခေါင်းပဲညိမ့်ပြပြီး ပြန်အိပ်သွားပြီ သူအိပ်နေတဲ့
hyung ကို တင်းနေအောင်ဖက်ပြီး မျက်နှာလေးကိုကြည့်နေမိတယ် ဘယ်အစိတ်အပိုင်းမဆို သူ့ကိုချစ်လာအောင်
ပြုစားနိုင်လွန်းတယ် အိပ်နေတဲ့တာမနိုး
အောင် hyung မျက်နှာပေါ်ကအစိတ်အပိုင်း
တခုချင်းဆီကို အနမ်းခြွေမိတယ်မကျယ်
မကျဉ်းနဖူးလေး ချစ်စရာကောင်းတဲ့
မျက်လုံးလေး ဖောင်းနေတဲ့ပါးလေးနှစ်ဖက် လုံးလုံးလေးဖြစ်နေတဲ့နှာခေါင်း နောက်ဆုံး
သူအရမ်းချစ်တဲ့ အသက်ရှုမှားမတတ်မြတ်နိုးရ
တဲ့အသည်းပုံနှုတ်ခမ်းလေး … သူနှုတ်ခမ်းလေးကို နမ်းလိုက်တော့ hyung
ဘက်ကပြန်တုံ့ပြန်လာတာတွေ့ရသည် hyung အိပ်ပျော်နေတာမဟုတ်ဘူးလား ??

Flying with love [Completed]Where stories live. Discover now