part 4

4.4K 392 0
                                    

jong in;ဟာ ဟုတ်သားပဲ hyung ကိုမေးရမယ်

jong in အခန်းတံခါးကိုအသာလေးဖွင့်ပြီး
မျက်နှာချင်းဆိုင်အခန်းကိုချောင်းကြည့်လိုက်
သည် hyung အခန်းရှေ့မှာ
ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့
ငါ့ကိုဆူရင်ဘယ်လိုလုပ်မလဲ hyung ဒေါသကကြောက်စရာကြီး
ဟာ ဘာမှမဖြစ်လောက်ပါဘူး မသိတာမေးတာပဲကို
ဟင့် ပြောလို့ရတာမဟုတ်ဘူး
လူပုစိတ်တိုကြီး တစ်ခါတစ်လေ ထအော်လိုက်ရင် လိပ်ပြာလွင့်တော့မယ်
ဘာဖြစ်ဖြစ်ကွာ မသိလို့မေးတာပဲ
လာအော်လို့ကတော့ သူကငါ့ထက်လူကောင်ပိုသေးတာပဲ
ဟွန်း
jong in စိတ်ဆုံးဖြတ်ပြီး

ဒေါက် ဒေါက်

ခဏနေတော့မှတံခါးလာဖွင့်သည်
jong in ကိုမြင်တော့ kyung sooမျက်မှောင်ကြုံလိုက်ပြီး

kyung soo;ဘာလာလုပ်တာလဲ

jong in;ဟို ဟိုမသိတာမေးစရာရှိလို့

သူ့စကားကြောင့် kyung sooခဏစဉ်းစားလိုက်ပြီး အခန်းထဲဝင်ခိုင်းလိုက်သည်
hyung ကနောက်ကနေကြည့်တာ ပင်ဂွင်းလမ်းလျှောက်နေသလိုပဲ
jong in သူ့အတွေးသူ သဘောကျပြီးရယ်
်လိုက်သည် အသံတော့မထွက်ရဲ သူ့ကိုအခန်းထဲကမောင်းထုတ်နေမှ သူသိချင်တာမသိလိုက်ရပဲနေဦးမယ်
kyung sooထိုင်ခုံမှာထိုင်လိုက်ပြီး

kyung soo; မေး ဘာမေးမှာလဲ

jong in; aww အ့တာက ရုတ်တရက်ခရီးသည်က အကြောင်းတခုခုကြောင့်သေဆုံးသွားရင်
pilot ကအပြစ်လွတ်လား

ဒီမေးခွန်း hak  ဒီမေးခွန်း သူမဖြေချင်ဆုံးမေးခွန်းနဲ့မှတည့်တည့်တိုးရ
တယ် jong in ကတော့ ရိုးရိုးလေးသိချင်လို့မေးတာဆိုပေမယ့်
သူ့အတွက်ကတော့ အတိတ်ကနာကျင်စရာ တွေကို မျက်စိထဲပြန်မြင်ယောင်လာသည်

ရုတ်တရက် kyung sooမျက်နှာပျက်သွားတာသူတွေ့လိုက်သည်
သူမေးလိုက်တာ ဘာမှားသွားလို့လဲ
hyung ကိုကြည့်လိုက်တော့ရုတ်တရက် ဒေါသထွက်နေတဲ့မျက်လုံးများနဲ့ရင်ဆိုင်ရ
တော့ သူလန့်သွားသည်

jong in;sam…sambae

kyung soo;ဘာ !! အပြစ်လွတ်လား ဟုတ်လား kim jong in မင်းအမြဲတမ်းမှတ်ထား ဘယ်လိုပဲသေသေ pilot အပြစ်မကင်းဘူး
သူမောင်းနေတဲ့လေယာဉ်ပေါ်မှာ တခုခုဖြစ်သွားထဲက အပြစ်မကင်းတော့ဘူး

Flying with love [Completed]Where stories live. Discover now