Part 32

3.5K 369 4
                                    

အိပ်မက်ဆိုးတစ်ခုပါ အိပ်မက်ဆိုးလို့ ယုံကြည် ချင်ပေမယ့် အဖြစ်အပျက်တွေက လက်တွေ့
ဆန်လွန်းလှသည် ဘာကြောင့်လဲ ဒီအခြေအနေ ထိရောက်လာခဲ့ပြီလေ ဒီအထိအတူတူ ခရီး ဆက်ခဲ့ကြတာပဲ နားကြားလွှဲတာ ဖြစ်ပါစေလို့ စိတ်ထဲ က အကြိမ်ကြိမ် ဆုတောင်းနေမိသည်

jong ; hyung ပင်ပန်းနေပြီ နားလိုက်ဦး

kyung : jong in !

jong : hyung နေမကောင်းသေးဘူး ထင်
တယ် အိပ်လိုက်ဦးနော် ခုချိန် hyung ကြောက်နေတာလည်း သိတယ် စိတ်တည်ငြိမ် အောင် လုပ်လိုက်ဦး

kyung : ငါ နှစ်ခါ ပြန်မပြောချင်ဘူး ရပ်သင့်ပြီ

မထင်မှတ်ထားတဲ့ စကားကို ကြားလိုက်ရတော့ အဆင်သင့်မဖြစ်သေးတဲ့ သူ့နှလုံးသားက အရမ်း ထိတ်လန့်နေသည် မဖြစ်နိုင်ဘူး ဆိုတဲ့ အတွေးနဲ့ ခေါင်းကို ခါရမ်းလိုက်သည်

jong : မနောက်ပါနဲ့ hyung ရယ် အခုချိန်မှာ အကုန်လုံး အတွက် စိတ်ပူနေရတာ hyung က ပါ ဒီလို နောက်ရင် ကျွန်တော် တကယ်ပင်ပန်း တယ်

kyung : ငါ့ပုံစံက နောက်နေတယ် ထင်လို့ လား!

လေသံမာမာ နဲ့ ပြောတဲ့ hyung ကို မော့ကြည့် လိုက်တော့ အေးစက်စက်မျက်ဝန်းတွေနဲ့ ရင်ဆိုင် လိုက်ရသည် ဘယ်လိုမှ ရှောင်လွှဲမရ တော့ နည်းလမ်းက ထိပ်တိုက်ရင်ဆိုင်ဖို့ တစ်ခု တည်းသာ…

jong : ဘာလို့လဲ ? အခုလို ပင်ပန်းနေချိန်မှာ တစ်ယောက်ကို တစ်ယောက် အားပေးနေရမှာ လေ လက်လွှတ်ဖို့ အချိန်မဟုတ်ဘူး

kyung ; အခုထိ အခြေအနေ မသိရသေးတဲ့ luhan ဘယ်လိုပဲ ပြန်ပေးဆွဲခဲ့ပေမယ့် သူ့ အပြစ်ပါလို့ sehun ကို ပြောလို့မရဘူးလေ  ငါတို့ အခုလိုလုပ်နေတာ သူတို့အတွက် တရားတယ် ထင်နေလား

hyung ပြောတဲ့ စကားတွေကြောင့် ဒေါသ
ထွက်လာသည် သူများတွေ အတွက်ကို စဉ်းစား ပေးပြီး သူ့ကိုတော့ မမြင်ဘူးလား

jong : ဒါဆို ကျွန်တော့်အတွက်ရော တရား
တယ် ထင်လား ?

kyung : မင်းစဉ်းစားမိမှာပါ sehun အစ်မသေ သွားတာ တကယ်တော့ ငါ့အပြစ်မလွတ်ဘူး sehun ပြောတာ မှန်တယ် သူ့အစ်မသေလို့ ခံစားနေရတဲ့အချိန်မှာ သူနဲ့သူ့အစ်မကို ခွဲခဲ့တဲ့ ငါက ပျော်နေဖို့ မသင့်ဘူးလေ

Flying with love [Completed]Where stories live. Discover now