Part 31

3.6K 359 10
                                    

baek ; ဘာမှ မဖြစ်လောက်ပါဘူးနော်

မျက်ရည်တွေဝဲနေတဲ့ baek ကိုကြည့်ပြီး kris လည်း ဘာပြန်ပြောရမှန်း မသိဖြစ်နေသည် ခုချိန်တော့ ဘာမှ ခန့်မှန်းလို့မရသေးဘူး luhan အခြေအနေက တကယ်ကို စိုးရိမ်စရာ ဖြစ်နေသည်

yeol ; kris hyung ... အခြေအနေ ဘယ်လိုရှိလဲ ?

ခြေထောက်ပတ်တီးစီးထားတဲ့ yeol က အခန်း ထဲက ထွက်လာသည် kris စိတ်ပူသွားတယ် လမ်းလျှောက်မရသေးပါဘူးဆို ဘာလို့ထွက် လာတာလဲ

kris ; baek သူ့ကို အခန်းထဲ ပြန်ခေါ်သွား လိုက် သူအခုချိန်လှုပ်လို့မရဘူးဆိုတာ မသိဘူး လား

baek လည်း kris စကားမှန်နေတာမို့ yeol ကို
တွဲပြီး သူ့အခန်းထဲ ပြန်ပို့ပေးလိုက်သည်

yeol ; luhan အခြေအနေ ဘယ်လိုရှိလဲ

baek ; မသိသေးဘူး စောင့်ကြည့်ရဦးမယ် အခု တော့ နားလိုက်ဦး

yeol ; သူငယ်ချင်းတစ်ယောက်လုံး သေမလား ရှင်မလား မသိတာ ငါကနားနေစရာလား !!!

baek ; ငါ့ကို လာမအော်နဲ့ ! အခုနားလိုက် luhan နိုးလာရင် မင်းကို ဒီလိုမြင်ချင်မှာ မဟုတ် ဘူး အခြေအနေပိုမဆိုးခင် နားလိုက် !

yeol ; minya jong in တို့ရော

baek ; ဆေးရုံရောက်မလာသေးဘူး ခုထိ

baek အခန်းထဲက ထွက်သွားတော့ yeol ခေါင်းငိုက်ကျသွားသည် inn လေ သူဘာလို့ အော်မိတာလဲ baek လည်း ခုချိန် စိတ်ပူနေမှာ ပေါ့

✈✈✈✈✈✈✈

jong ; hyung !!!!

မေ့လဲသွားတဲ့ hyung ကိုကြည့်ပြီး မျက်စိတွေ ပြာဝေ သွားသည် သေချာကြည့်လိုက်တော့မှ hyung ညာဘက်လက်က သွေးတွေထွက်နေ တာ sehun ကိုလည်းဂရုမစိုက်တော့ဘူး ခုချိန် hyung က အရေးကြီးတယ် hyung ကို ပွေ့ချီပြီး ကားဆီသွားမယ်လုပ် တော့ sehun အသံကြောင့် ခြေလှမ်းတွေ ရပ်သွားသည်

se ; jong in ya ငါလည်းလိုက်ခဲ့မယ် lu...lu hyung ဘယ်လို အခြေအနေရှိလည်း သိချင် လို့

အချိန်က အရေးကြီးနေတာမို့ မကျေနပ်ပေ မယ့် ခေါင်းညိမ့်ပြလိုက်သည် sehun ကားနဲ့ပဲ နီးရာဆေးရုံကို အမြန်မောင်းလိုက်တယ် ကား နောက်ခန်းထဲမှာ မေ့နေတဲ့ hyung မျက်နှာ
လေးကိုကြည့်ပြီး မျက်ရည်တွေ ကျလာတယ်
ဒါ သူ့အပြစ် သူမကာကွယ်နိုင်ခဲ့တာ အ့နေ့က သူမစခဲ့သင့်ဘူး သူမစခဲ့ရင် hyung လည်း ဒီလို ဖြစ်မှာ မဟုတ်ဘူး ကားရပ်သွားတာနဲ့ ဆေးရုံထဲ အမြန်ပြေးရသည်

Flying with love [Completed]Where stories live. Discover now