Part 30

3.5K 371 11
                                    

luhan ခရီးစဉ်က ပြန်ရောက်လာတော့ jong in တို့ကို လှမ်းနှုတ်ဆက်လိုက်ပေမယ့် သူ့ကို မြင်ဟန်မတူ ဘာတွေအရေးကြီးနေကြတာလဲ ?
kris ကို ပါ သူတို့နဲ့တူတူတွေ့လိုက်တော့ နောက်ကနေ လိုက်လာမိတယ်

lu ; ရဲစခန်း ? သူတို့က ရဲစခန်းကို ဘာလာ
လုပ်တာလဲ ?

luhan အထဲကိုဝင်သွားပြီး မယောင်မလည်နဲ့ kris တို့နားမှာ ကပ်နားထောင်နေလိုက်တယ်
သူအခုမှ သိရတာ sehun ဘာတွေလုပ်နေတာ လဲ ? မဖြစ်သေးပါဘူး သူ့သူငယ်ချင်းတွေကို သွားကယ်ရမယ် sehun ကို တားမှဖြစ်မယ် ဒီကလေး အကုန်မှားကုန်တော့မှာပဲ … yeol တို့ရှိမယ့်နေရာကို kris နောက်က ချောင်း ကြည့်လိုက်ပြီး ထွက်လာခဲ့သည်

lu ; လေယာဉ်ကွင်း အဟောင်းကတော့ ဟုတ်ပါပြီ ဘယ်နားမှာပါလိမ့်

အမှောင်ထဲမှာ တိတ်ဆိတ်နေတဲ့ လေယာဉ်
ကွင်း အဟောင်းကြီးက မကောင်းဆိုးဝါးတစ် ကောင်လို ခြောက်ခြားဖို့ ကောင်းနေသည် ဒါပေမယ့်လည်း သူငယ်ချင်းတွေအတွက် အား တင်းကာ ရှာဖို့ ဆုံးဖြတ်လိုက်တယ် မီးရောင် အားမကိုးရဲဘူး sehun တို့က ဘယ်နေရာရှိ နေမှန်းမှ မသိတာ မီးရောင်မြင်ရင် သူ့ကို တွေ့
သွားမှာပေါ့ မှုန်ပြပြ လရောင်အားကိုးနဲ့သာ အမှောင်ထဲ သွားနေရတော့ ခလုတ်တိုက်မိတာ
နဲ့ သံတွေနဲ့ ခြစ်မိတာနဲ့ ဒဏ်ရာတွေကိုလည်း ဂရုမစိုက်အား သူအာရုံစိုက်နေတာ soo တို့ ဘယ်နေရာမှာ ရှိနေမလဲ ဆိုတာပင် …

lu ; hanger ထဲမှာ မီးရောင်တွေ့တယ်

သူဖြည်းဖြည်းခြင်း အသံမထွက်အောင် သတိထား သွားလိုက်သည် sehun ထွက်သွားတာ မြင်တော့ အသာလေး အခန်းထဲ ဝင်သွားလိုက် တယ် အ့ဒါမှ ပြဿနာပဲ တစ်ယောက်က လက်ကျိုးနေတယ် တစ်ယောက်က ခြေထောက်ကျိုး နေတယ်

lu ; နေဦး ငါအရင် ကြိုးဖြည်ပေးမယ်

အိတ်ဆောင်ဓားမြှောင်လေး ထုတ်လိုက်ပြီး သေ
ချာချည်ထားတဲ့ ကြိုးကို ဖြတ်နေသည် အမြန်လို နေပါတယ် ဆိုမှ ကြိုးကလည်း မပြတ်နိုင်ဘူး

hun ; aww သူငယ်ချင်းတွေကို လာကယ်တာ
လား luhan ?

ရုတ်တရက် ကြားလိုက်ရတဲ့ အသံကြောင့် luhan လက်ထဲက ဓားလေး လွတ်ကျသွား
တယ် soo တို့ကတော့ luhan ကိုစိတ်ပူနေ သည်

Flying with love [Completed]Where stories live. Discover now