Part 38

3.9K 392 13
                                    

kyung soo ဦးနှောက်ထဲက လှုပ်ရှားမှုတွေ ခဏတာ ရပ်တန့်သွားသည် အခုချိန်မှာ တဒုတ်ဒုတ်နဲ့ ပေါက်ထွက်မတတ်ခုန်နေတဲ့ သူ့နှလုံးခုန်သံ ကလွဲလို့ ဘာမှမကြားရ …
အသက်ရှုဖို့တောင် မေ့လျော့နေမိသည် jong in ကို သူဘယ်လိုပြန်ဖြေရမလဲ ? အခုချိန်တော့ ရင်ခုန်လွန်းပြီး ဘာမှ မစဉ်းစားနိုင်ဘူး …

jong : hyung 

သူအတွေးတွေနဲ့ အလုပ်ရှုပ်နေမိတာ jong in ခေါ်သံကြားမှ သတိပြန်ဝင်လာသည်

jong : hyung တစ်ခုခုပြောလေ ဒီတိုင်းပဲနေ တော့မလို့လား

အခုချိန်ထိကြောင်အနေတုန်း … မျှော်လင့်ချက် မျက်ဝန်းတွေနဲ့ jong in ကို ငေးကြည့်နေမိ သည်

kyung : yes ! yes ! yes ! yes ! yes ! absolutely yes ! definitely yes !

အော်ပြီး ဖက်လိုက်တဲ့ hyung ကြောင့် jong in နောက်ပြန် ထိုင်ရက်ကျသွားသည် hyung ကိုယ်လေးကို ပြုတ်မကျအောင် သေချာကိုင်ထားရင်း ခပ်တင်းတင်းဖက်ထားမိသည်

kyung : nini လက်စွပ်ဝတ်ပေးဦးလေ

အယ် ဟုတ်သားပဲ နှစ်ယောက်လုံး အပျော်လွန် နေတာနဲ့ မေ့နေတာ hyung ကိုဝတ်ပေးဖို့ လက်စွပ်ဘူးကို ရှာလိုက်တော့ မတွေ့ … ဘာ … မတွေ့တာလား !?

kyung : ဘာလုပ်နေတာလဲ

jong : hyung ဟိုလေ လက်စွပ်ဘူး မတွေ့တော့ဘူး

kyung : ဘာ ! kim jong in ! သေချာရှာစမ်း ဘယ်လိုလူက propose လုပ်နေတုန်း လက်စွပ်ဘူးပျောက်တာလဲ  ! ပြန် ……

ဆက်မပြောနိုင်ခင် နှုတ်ခမ်းကို ဖြတ်နမ်းလိုက် တဲ့ jong in ကြောင့် ပြောစရာ စကားတွေမေ့ ကုန်သည် နမ်းနေတုန်း သူ့ လက်သူကြွယ်မှာ အေးစက်စက် metal တစ်ခုလို အရာကို ခံစား မိလိုက်တယ် နမ်းနေတာ ရပ်ပြီး လက်ကို ငုံ့ ကြည့်လိုက်တော့ ငွေရောင် လက်စွပ်လေး …

kyung : ပျောက်သွားပြီဆို

jong : လက်စွပ်ဘူးပျောက်တာလေ လက်စွပ် ပျောက်တယ်လို့မှ မပြောပဲ

ရယ်နေတဲ့ jong in ကို တကယ် မကျေနပ်မိ … သူမှာ စိတ်ပူလိုက်ရတာ ငိုချင်စိတ်တောင် ပေါက်တယ် ဘဝမှာ တစ်ခါပဲ လုပ်ခံရတဲ့ proposeမှာ လက်စွပ်တောင် မဝတ်ရတော့ဘူး ထင်လို့

Flying with love [Completed]Where stories live. Discover now