part 14

4K 402 14
                                    

kyung soo လည်း ပြန်အိပ်ပျော်သွားတာ 7:00မှပြန်နိုးလာသည်
သူတချက်သန်းလိုက်ပြီးအိပ်ယာပေါ်က မထချင်ထချင်နဲ့
ထလိုက်တယ် အခုတလောရာသီဥတုက မိုးအေးအေးလေးနဲ့ဆိုတော့အိပ်လို့ကောင်း
မှကောင်း သူမျက်နှာသစ်ပြီးတဲ့ထိ အိမ်ထဲမှာဘာသံမှမကြားလို့တစ်မျိုးဖြစ်သွား
သည် မဟုတ်သေးပါဘူး jong in ရောက်နေတာပဲ အသံတစ်ခုခုထွက်နေရမှာပေါ့
သူအခန်းပြင်ထွက်ကြည့်လိုက်တော့ တွေ့ပါပြီ jong inကို ဆိုဖာပေါ်မှာအိပ်ပျော်နေတာ
ကောင်းလိုက်တာ ငါ့ကိုလာနှိုးပြီးသူကပြန်အိပ်နေတယ် သူကြည့်နေတုန်း jong in ကအေးလို့ ခန္တာကိုယ်လေးကွေးသွားတာတွေ့လိုက်တယ် ဒီရက်ပိုင်းချမ်းရချမ်းနဲ့ စောင်လည်းမခြုံဘူး
သူအခန်းထဲပြန်ဝင်ပြီး စောင်နဲ့ခေါင်းအုံးယူလာလိုက်သည် jong inခေါင်းလေးကိုအသာမပြီး ခေါင်းအုံးလေးခုပေးကာစောင်ခြုံပေးလိုက်တယ် သူကတော့ ထမင်းစားခန်းထဲဝင်ပြီးတော့ မနက်စာပြင်နေလိုက်သည်

သူမနက်စာပြင်ပြီးတဲ့ထိ jong in ကမထသေး
kyung soo သူတစ်ယောက်ထဲစားမလို့ပြင်လိုက်ပေမယ့် မဖြစ်သေးပါဘူးလေ7:30ရှိနေပြီ သူခုချိန်မှမထရင်နောက်ကျတော့မယ် သူဧည့်ခန်းထဲက jong in ကိုနှိုးဖို့ အနားကပ်သွားတယ် Jong in ကသူလာတာတောင်မသိလောက်အောင်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်

kyung soo; jong in ထတော့

တုပ်တုပ်မလှုပ် ဒီတခါအသံပိုကျယ်လိုက်ပြီး

kyung soojong in ထစမ်း ဒါမင်းအိမ်များထင်နေလား

ဟင် ဟိုဘက်တောင်လှည့်အိပ်သွားတယ် ရိုးရိုးတန်းတန်းနှိုးမရတော့လည်း

kyung soo; Kim jong in!!!!!!!

ဒုတ်………  အ့

သူ့နှိုးလိုက်တာ ငါ့ခေါင်းကွဲပြီလားမသိဘူးဘယ်လိုမှနှိုးမရတာနဲ့
သူနားရွက်ကိုဆွဲပြီးအသားကုန်အော်ထည့်
လိုက်တာ ဟိုကလန့်ပြီးခေါင်းအထောင် kyung soo ကငုံ့နေတုန်းရှိသေး jong in နောက်စိနဲ့kyung soo နဖူးမိတ်ဆက်သွားတာလေ ဘယ်လာက်အားပြင်းလဲဆို kyung sooတောင် နောက်ပြန်လဲတယ်

kyung soo; ya!!

အ့တော့မှအိပ်ချင်မူးတူးနဲ့ဒီဖက်လှည့်လာတယ်
ကြမ်းပြင်ပေါ်မှာ နဖူးကိုကိုင်ပြီး ထိုင်ရက်လေးလဲကျနေတဲ့kyung soo ကိုမြင်တော့ ဘေးနားပြေးလာပြီး

Flying with love [Completed]Where stories live. Discover now