Part 39

3.8K 363 6
                                    

ရုတ်​တရက်​ကြီး နှုတ်​ခမ်းကို အတင်းလာနမ်း​နေ တဲ့ jong in ​ကြောင့်​ လန့်​သွားသည်​ နောက် တော့ တဖြည်းဖြည်း အသားကျလာပြီး အလိုက် သင့်လေး ပြန်တုံ့ပြန်မိသည် သူတို့ဒီအနမ်းတွေ ကို မရပ်တန့်ချင်တာ အမှန် … အချိန်ကြာလာ တော့ oxygen ပြတ်လပ်သွားတဲ့ သူတို့အဆုတ် တွေကို ဖြည့်ဖို့ ခွာလိုက်ကြသည် နှစ်ယောက် လုံး စကားမပြောနိုင်သေး … အသက်ကို အလု အယက်ရှုနေရသည် kyung soo က jongin ရင်ဘတ်ပေါ် ခေါင်းမှီထားပြီး jongin က kyung soo ခါးကို တင်းကျပ်စွာဖက်ထားသည်

" hyung … "

နဖူးချင်းထိထားပြီး ပါးကို ဖွဖွလေးလာကိုင်တဲ့ jongin ကို မျက်လုံးလှန်ကြည့်လိုက်သည် ဘာ ပြောမလဲ စောင့်နေပေမယ့် ဘာမှမပြောပဲ ပြုံးနေတဲ့ jongin ကိုသေချာကြည့်နေတုန်း သူ့ နှုတ်ခမ်းတွေကို တယုတယ စုပ်ယူသွားပြန် သည် 

" ချစ်တယ် "

jong in ဆီက ကြားလိုက်ရတဲ့စကားကြောင့် သူအလိုလိုပြုံးမိလျက်သား ဖြစ်သွားသည် နှာဖျားချင်းထိပြီး စနေတဲ့ jongin ကြောင့် သူအသာရယ်မိသည်

" ပြန်ဖြေဦးလေ "

" ချစ်တယ် "

" hyung "

" ဟင် "

ဘာမှ မပြောပဲ သူ့မျက်လုံးတွေထဲ သေချာစိုက် ကြည့်နေတော့ kyung soo မျက်နှာတွေပူထူ လာသည် တဖြည်းဖြည်းနီးကပ်လာတဲ့ jong in မျက်နှာကြောင့် သူမျက်လုံးအသာမှိတ်ချလိုက် သည် သူ့မျက်နှာပေါ်မှာ jong in အသက်ရှုသံ တွေထိရိုက်နေသည်

" ဗိုက်ဆာတယ် "

မျက်လုံးဖျတ်ခနဲဖွင့်ပြီး ကြည့်လိုက်တော့ ပြုံးစိစိ လုပ်ပြီး ရယ်ချင်တာအောင့်ထားရတဲ့ မျက်နှာနဲ့ jong inကို မြင်လိုက်ရသည်

" hyung ဘာတွေတွေးနေတာလဲ ထပ်နမ်းမယ် ထင်လို့လား "

တဟားဟား အော်ရယ်နေတဲ့ jongin ရဲ့ လက်မောင်းကို လက်သီးနဲ့ထိုးနေလိုက်သည်
jong in က နာလို့အော်နေပေမယ့် မရပ် …

" kim jong in !! no dinner ပဲ !! "

ခုထိ အထိုးခံနေရပေမယ့် အရယ်မပျက်သေးတဲ့ jong in က သူ့နားကပ်လာသည် အမြင်ကတ် ကတ်နဲ့ ခြေထောက်နဲ့ကန်လိုက်တော့ သူ့ကိုချီလိုက်ပြီး နှုတ်ခမ်းကို နမ်းသွားသည်

Flying with love [Completed]Where stories live. Discover now