Part 33 ( special HH chapter )

4.1K 373 2
                                    

sehun မျက်တောင် မခတ်ပဲ သေချာကြည့်နေမိ သည် ချစ်ရသူရဲ့ ဖြူဖြူစင်စင် အိပ်ပျော်နေတဲ့ မျက်နှာလေးကို လက်လေးနဲ့ အသာတို့ထိ ကြည့်နေမိသည်

se : ချစ်စရာလေး

ဒဏ်ရာကြောင့် ဖြူဖျော့နေတဲ့ နှုတ်ခမ်းလေးကို မြင်တော့ စိတ်မကောင်း ဖြစ်သွားသည် တစ်ခါ တစ်လေ တွေးမိတယ် ဒီလောက် အရာရာ ပြည့်စုံတဲ့ လူသား ကမ္ဘာပေါ်မှာရှိနေပါလားလို့ ဆေးရုံဝတ်စုံလေးနဲ့ ဖြူဖျော့နေတဲ့ မျက်နှာ
လေး သွေးရောင်ပျောက်နေတဲ့ နှုတ်ခမ်း လေး အရင်ကလို သူ့ကို သေချာကြည့်နေတဲ့ သမင်မျက်ဝန်းလေးတွေက အခုတော့ ပိတ်ထား ပေ မယ့် မျက်တောင်ရှည်ရှည်လေးတွေက သမင် မျက်ဝန်းအလှကို ဖြည့်စွက်ပေးနေတုန်းပဲ အခုအနေအထားတောင် အရာရာ အပြစ်ပြော စရာမရှိအောင် ပြည့်စုံလွန်းလှသည်

ဒါပေမယ့် hyung ရယ် ကျွန်တော် ဆက်ပိုင်ဆိုင်ရ ပါ့မလား ? သက်ပြင်းမောတစ်ခုနဲ့ အတူ
hyung လက်ကို လွှတ်လိုက်ပြီး အခန်းအပြင်ဘက် ထွက်သွားလိုက်သည် သူလည်း မအိပ်ရ တာ ဘယ်နှရက်ရှိပြီလဲ မအိပ်နိုင်တာလို့ ပြော ရင်ပိုမှန်မယ် ထင်တယ် ကော်ဖီစက်က ကျလာ မယ့် ကော်ဖီကို စောင့်နေရင်း ဘေးကခုံတန်းမှာ အားမရှိစွာ ထိုင်နေမိသည်

jong : sehun

jong in ကိုမော့ကြည့်မိတော့ ငိုထားတဲ့ မျက်ဝန်းတွေကို တွေ့လိုက်ရသည် ဘာဖြစ်တာ လဲ ? soo hyung နဲ့ရန်ဖြစ်ထားကြတာလား ?

jong : မင်းသိလား hyung က လမ်းခွဲမယ်တဲ့

မယုံကြည်စွာ မော့ကြည့်လိုက်တော့ jong in မျက်ဝန်း တွေက မျက်ရည်တွေကျလာသည် ဒီလောက် ချစ်တဲ့သူတွေကလေ ? သူခွဲတာ တောင် မခွဲတဲ့သူတွေကလေ ?

jong : မင်းနိုင်တယ် ဒီကစားပွဲမှာ မင်းနိုင်တယ် oh sehun … ငါမင်းကို အပြစ်တင်ချင်တယ် စိတ်အေးအေးထားပြီး ပြန်စဉ်းစားကြည့်တော့ လည်း မင်းမှန်နေတာပဲ မင်းအစ်မအတွက် ခံပြင်းမှာပေါ့

jong in စကားတွေကြောင့် ခေါင်းငိုက်ကျသွား သည် ငါနိုင်ပြီလေ ပျော်နေရမှာပေါ့ ဒါပေမယ့် ဘာလို့နာကျင်နေတာလဲ ?

jong : ဒါပေမယ့် sehun … မင်းအခုလို လုပ် လိုက်တော့ ဘာတွေပိုကောင်းသွားလဲ ? မင်း အစ်မ ပြန်ရှင်လာလား ? အရာရာ အသစ်ဖြစ် မသွားဘူး sehun မင်းကစားပွဲက အကုန်လုံး နာကျင်ရတယ် အပြစ်မရှိတဲ့ luhan hyung ကို ပဲကြည့်လေ မင်းက ဆုံးရှုံးပြီးသား လူတစ်ယောက် အတွက် ကလဲ့စားခြေလိုက် ပေမယ့် မင်းချစ်တဲ့ နောက်ထပ်လူ တစ်ယောက် ကို ဆုံးရှုံးတော့မလို ဖြစ်သွားတယ် yeol hyung ထိခိုက်တော့ baek hyung ဘယ် လောက်ငိုနေခဲ့ လည်းမင်းသိလား သူချစ်ရတဲ့ သူကိုဆုံးရှုံးမှာ ဘယ်လောက် ကြောက်နေခဲ့လဲ … ဒီခံစားချက်ကို မင်းနား မလည်ဘူးလို့တော့ မပြောတော့ဘူး မင်းလည်း luhan hyung ကြောင့် ခံစားနေရတာပဲလေ

Flying with love [Completed]Where stories live. Discover now