Part 29

3.4K 373 7
                                    

kyung soo ဘာစကားမှ မထွက်လာနိုင်အောင်
အံ့သြလွန်းနေသည် sehun လား သူသိခဲ့တဲ့ ပျော်ပျော်နေတတ်တဲ့ sehun လား

yeol ; sehun မ…မင်းက ဘာလို့ ?

သူတို့သိခဲ့တဲ့ sehun နဲ့မတူစွာပင် သူတို့ကို ပြုံးကြည့်နေသည် ကောင်းသောပြုံးခြင်းတော့ မဟုတ်

hun ; ဒီအတော အတွင်း ပျော်ခဲ့ကြရဲ့လား

အသံက တည်ငြိမ်အေးစက်နေသည် ရုတ်တရက် ပြောင်းလဲမှုကို လုံးဝမယုံနိုင်သေး
kyung soo ခေါင်းထဲ ခပ်တုံးတုံး အတွေးတစ်ခု
ကဝင်လာသေးတယ်

kyung ; hun ငါတို့ကို လာကယ်တာလား?

သူ့မေးခွန်း အဆုံးမှာ sehun က အရယ်ရဆုံး
ဟာသတစ်ခု ကြားလိုက်ရသလို အားရပါးရ ရယ်နေသည် yeol ကတော့ အခြေအနေ စောင့်ကြည့်နေတယ် တိတ်ဆိတ်နေတဲ့hanger
ထဲမှာ sehun ရဲ့ ခြောက်ကပ်ကပ် ရယ်သံရယ်
သူတို့နှစ်ယောက်ရဲ့ မယုံကြည်နိုင်တဲ့ မျက်ဝန်း
တွေရယ်သာ ရှိနေသည်

hun : hkhk ကယ်ရမယ် ငါက ဘာလို့လဲ ?

yeol ; sehun !

ရယ်နေတာ ရပ်သွားပြီး မျက်နှာထားက ကြောက်စရာ ကောင်းအောင် ပြောင်းလဲသွား
တယ် မဲ့ပြုံးတစ်ခုနဲ့အတူ

hun ; ဖမ်းထားတဲ့ သူတွေကို ပြန်လွှတ်ပေးတာ
တွေ့ဖူးလို့လား ? အထူးသဖြင့် ကိုယ်တိုင်ဖမ်း
လာတဲ့သူတွေကို

yeol ; ငါတို့ကို ဘာလို့ ဖမ်းထားတာလဲ

yeol အမေးကို မဖြေပဲ kyung soo နားလျှောက်လာကာ ဒူးတစ်ဖက်ထောက်ပြီး ထိုင်နေတယ်

hun ; မင်းတို့က လောကမှာ အသက်မရှင်
သင့်တဲ့လူတွေ ! ငါ့အစ်မကို သတ်ပြီးတော့ ပျော်နေကြတယ်ပေါ့ ဟုတ်လား

kyung ; ဘာတွေပြောနေတာလဲ ငါတို့ ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး

sehun က ရုတ်တရက် ထသွားပြီး ဘေးနားက သံတုတ်ကို ကိုင်ကာ သူတို့ကို ကြိုးတုပ်ထား
တဲ့ သံတိုင်ကို ရိုက်လိုက်သည် သံနှစ်ခု ပွတ်တိုက်သံနဲ့အတူ kyung soo လန့်ပြီး မျက်လုံးမှိတ်လိုက်မိသလို yeol လည်း တချက် တွန့်သွားသည်

hun ; မင်းတို့ လွန်ခဲ့တဲ့ ငါးနှစ်က လေယာဉ်
မတော်တဆမှုကို မှတ်မိသေးလား ဟမ် ? အ့တုန်းက park  chanyeol မင်းသာ လမ်း
ကြောင်းကြည့် မမှားခဲ့ဘူး ဆိုရင်! Do kyung soo မင်းသာ မပေါ့ဆခဲ့ဘူး ဆိုရင်! ငါအရမ်း
ချစ်ရတဲ့ ငါ့အစ်မ အခုချိန်ထိ အသက်ရှင်နေမှာ သိရဲ့လား !

Flying with love [Completed]Where stories live. Discover now