Ep*2*

7.8K 762 13
                                    

#Unicode
JK:clubကအပြန် appaနဲ့ချိန်းထာ
သောHotelမှာdinnerစားပြီး အိမ်သို့သာ
ပြန်လာခဲ့လိုက်သည်။

appaကတော့အလုပ်ကိစ္စရှိနေသေး၍
နေခဲ့လေသည်။

လူကအနည်းငယ်နုံးနေသောကြောင့်
လန်းသွားအောင် ရေထပ်ချိုးပြီး bathrobe
ကိုသာဝတ်ထားလိုက်သည်။

ခံတွင်းချဉ်သလိုဖြစ်လာသောကြောင့်
ဆေးလိပ်ကိုနှုတ်ခမ်းမှာ ကိုက်ခဲရင်း
စားပွဲပါ်မှမီးခြစ်ကို လှမ်းအယူ မြင်လိုက်ရသော file!

စိတ်မပါသော်လည်း မကြာမီပင်
ကိုယ်နဲ့လက်ထပ်တော့မည့် ဇနီးလောင်း၏
ပုံကိုတော့ မြင်ထားသင့်သည်ဟု
ယူဆသောကြောင့် မီးခြစ်ကိုမယူတော့ဘဲ ထိုfileကိုသာဆွဲယူလိုက်မိသည်။

ပထမဆုံးမြင်လိုက်ရသည်က သူမအကြောင်း...
Park အိမ်တော်၏တစ်ဦးတည်းသော
သမီးမိန်းကလေး!
အသက် 20 တဲ့ hk ကျွန်တော့်ထက်
6နှစ်လောက်ငယ်သည်ပဲ။

ခုချိန်ထိ သူမ ပုံကိုကျွန်တော်မကြည့်ဖြစ်သေးပါ။ခုချိန်မှာစိတ်ဝင်စားမိဆုံးအကြောင်းအရာက

*appaဘာလို့ဒီမိန်းကလေးနဲ့ကျွန်တော့်ကို
အမြန်လက်ထပ်စေချင်နေတာလဲ?*

ကျွန်တော်ထင်ထားသည်က ကျွန်တော်တို့
ကုမ္ပဏီနဲ့အကျိူးတူဖက်စပ် company
တစ်ခုခုရဲ့ သူဌေးသမီးတစ်ယောက်နဲ့
လက်ဆက်ရလိမ့်မည်ဟု။

အခုတော့ သူမတို့Parkအိမ်တော်က Fashionလုပ်ငန်း~
ကျွန်တော်တို့companyက construction~
ဒီနှစ်ခုကလားလားမျှမဆိုင်ပေ။

စိတ်ရှုပ်မိသော်လည်း ဒီweddingက
သူ့အတွက်သေချာပေါက်လက်ခံရမည်မို့
သိချင်နေသော စိတ်အစုံကိုမြိုသိပ်ကာ
Park Jiminဟုခေါ်ဆိုသော
ကျွန်တော်နှင့်မကြာမီလက်ထပ်ရတော့မည့်
ကောင်မလေးပုံတွေကို ယူကြည့်မိသောအခါ...

JK;''OMG!!''

ဒါ သူလက်ထပ်ရမည့် ကောင်မလေးတဲ့လား?
ဆံပင်ကတိုကပ်ကပ်နှင့်ဝတ်ထားသည့်
designက tomboyတစ်ယောက်လို။

ဘယ်နေရာကမှမိန်းကလေးနှင့်
့်မတူပေ။ပြီးတော့ ခုထိကလေးစိတ်မကုန်သေးသည့်ပုံလေး။

*Appa ဘာတွေကြံစည်နေပြန်တာလဲ?*

သူမ ပုံတွေဆက်ကြည့်နေမိရင်း စိတ်ညစ်နေ
သည့်ကြားကရယ်ချင်လာသည်။ဒီပုံတွေက သူမ မသိအောင်ခိုးရိုက်ယူ ထားသည်ထင်သည်။

When I Married A TomboyWhere stories live. Discover now