Ep *17* FINALE

10.7K 823 64
                                    

#Unicode

*When I Married A Tomboy*

8 years later...

JM;''Jeon JiKook!
Jeon MinKook!''
''ပုန်းမနေကြနဲ့!
maခေါ်နေတုန်းထွက်ခဲ့ကြနော်''

ရုံးပိတ်ရက်ကလေး အေးအေးဆေးဆေး အနားယူရင်း စာဖတ်နေစဉ်
အိမ်အောက်ထပ်မှ Minnieရဲ့
မိုင်ကုန်အော်လာသော အသံစူးစူးလေးကြောင့် အောက်ထပ်သို့အမြန်ဆင်းလာလိုက်သည်။

JK;''wae babe?ဘာလို့
အာ့လောက် အော်နေရတာလဲကွာ
အသံတွေ နာကုန်မှဖြင့်''

နာမည်ကြီး အကသင်တန်းတစ်ခု
ဖွင့်လှစ်နိုင်ခဲ့ပြီး ကိုယ်တိုင်
famous dancer တစ်ယောက်
ဖြစ်လာခဲ့သော်လည်း အခုထက်ထိ
ကလေးဆန်စွာ ချစ်စရာကောင်းနေဆဲဖြစ်သော
Minnieရဲ့ ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို
အသာဆွဲဖျစ်ကာ မေးခွန်းထုတ်မိလေတော့...

JM;''အော်ရမှာပဲ~ ကိုကို့ ပူးကျူးလေးတွေ ဘာတွေမွှေထားလဲ ကိုကိုမှ မသိတာ''

JK;''ဟင်? သမီးနဲ့သားနဲ့က
ဘာတွေဆော့ထားပြန်လို့လဲ''

ထိုသို့ ကျွန်တော် မေးခွန်း ပြန်ထုတ်မိလေတော့
Minnieတစ်ယောက် ကျွန်တော့်ကို
မျက်စောင်းထိုးလေရင်း...

JM;''ပြောမယ်~ ကိုကို့သမီးနဲ့သားကတော့ babeနိုင်ကိုမနိုင်ဘူး တကယ်''

အင်း~ဒါကလည်း Minnieပြောနေကြ
စကားပင်~

ကျွန်တော်နဲ့Minnie လက်ထပ်ပြီး
4နှစ်လောက်ကြာတော့ ကျွန်တော်တို့
နှစ်ယောက်ဘဝထဲသို့အမြွာကလေးဖြစ်သော
သမီးနဲ့သား ရောက်လာခဲ့သည်။

ကျွန်တော်တို့နှစ်ယောက်ဆီမှ မျိုးရိုးဗီဇ
အပြည့်အဝ လက်ခံရရှိခဲ့သော
သမီးနဲ့သားမှာ လွန်စွာချစ်ဖို့
ကောင်းလေသည်။

ဒါ့ပြင် Minnieရဲ့ အကျင့်စရိုက်
ကလေးတွေကလည်း တစ်ထပ်တည်း
ဗီဇပါလာလေသည်။

သမီးနဲ့သားမှာ ချစ်ဖို့ကောင်းသလောက်
4နှစ်ကျော် 5နှစ်အရွယ်ထဲရောက်လာတော့
တအားဆော့သည်။အလွန်မွှေသည်။

ထိုကဲ့သို့အချိန်မျိုးဆို သမီးနဲ့သားဟာ
Minnieနဲ့တူသောကြောင့် ထိန်းရခက်ကြောင်း
ပြောမိလျှင် လုံးဝလက်မခံချေ။

When I Married A TomboyWhere stories live. Discover now