Ep*9*

7.8K 782 30
                                    

#Unicode

ဘဝမှာဖြတ်သန်းခဲ့ရတဲ့ ငိုကြွေးခြင်း
များစွာထဲမှ ယခုပစ္စုပ္ပန်ငိုကြွေးခြင်းဟာ
အရှည်ကြာဆုံးနှင့် နှလုံးအိမ်ကိုနာကြင်မှု့
အပေးနိုင်ဆုံး ဖြစ်မည်ထင်~

သြော်~~အိပ်စက်၍မပျော်ခြင်းကား
ငိုကြွေးမှု့တွေကို
ဆောင်ကြဉ်းလေရော့သလား?

*When I Married A Tomboy*

11:11

12:00

1:20

JM:အချိန်နာရီတွေသာ တရွေ့ရွေ့
ကုန်ဆုံးသွားလည်း မသိစိတ်မှ စောင့်မျှော်
နေမိသော သူကား ပြန်ရောက်မလာခဲ့!
babeဘဝမှာ ယောကျာ်းတစ်ယောက်
ပြန်အလာကို ဒီလိုမျိုး
စောင့်စားနေရလိမ့်မယ်လို့
တစ်ခါမှမမျှော်လင့်ခဲ့ဖူးတာပါ

ထို့ပြင် babeဘယ်လောက်ပဲ ကိုယ့်ကိုယ်ကို
လိမ်ညာနေပါစေ
babeမျက်ရည်များရဲ့အရင်းအမြစ်က
Jeon Jungkook ကြောင့်ဆိုတ
လက်မခံချင်လို့မရတဲ့အမှန်တရားပင်!

~ မုန်းတယ် ~ Honeymoon အချိန်မှာ
ကိုယ်ရဲ့တရားဝင်ဇနီးနားမှာမရှိဘဲ
အခြားမိန်းမတစ်ဦးနဲ့ ညဉ့်နက်ချိန်ထိ
အတူရှိနေတဲ့ Jeon Jungkook ကို

အချိန်ရက်ပိုင်းလေးအတွင်းမှာ အာ့လိုလူမျိုး
အပေါ်မှာ တိမ်းညွှတ်မိသွားတဲ့
ကိုယ့်ကိုယ်ကိုလည်း မုန်းတယ်!

တကယ့်တော့babeဟာ နိုင်ချေမရှိတဲ့ gameတစ်ခုကို
မိုက်ရူးရဲဆန်စွာ စိန်ခေါ်ခဲ့မိသူ
တစ်ယောက်သာ...

*When I Married A Tomboy*

Jk:HotelကိုMinnieရဲ့တစ်ယောက်တည်း
ပြန်လွှတ်လိုက်မိတဲ့အတွက်
ကိုယ့်ကိုယ်ကိုအပြစ်ရှိသလိုခံစားနေမိသည်။
တကယ်ဆို သူမဟာ ကျွန်တော်
လက်ထပ်ထားတဲ့ တရားဝင်ဇနီး!

ထို့အတူ Honeymoon ခရီးစဉ်မှာ
ကိုယ့်မိန်းမကိုပစ်ထားကာ လမ်းခွဲခဲ့ပြီးသော
အချစ်ဦးနားမှာ ရှိနေမိသော ကျွန်တော့်ကိုယ်
ကျွန်တော်လည်း မလုံမလဲဖြစ်မိကာ
Minnieကိုလည်းအားနာမိသည်။

ဒါ့ပေမယ့် အခုချိန်မှာ noonaအနားမှာ
ကျွန်တော်ရှိနေပေးဖို့ တကယ်လိုအပ်သည်။
appaရဲ့တွန်းအားတွေကြောင့် noona အနုပညာအလုပ်တွေကို စွန့်လွှတ်ကာ
ပြည်ပမှာ အခြေချခဲ့ရတာတွေ!

When I Married A TomboyOn viuen les histories. Descobreix ara