Ep*3*

7.6K 770 24
                                    

#Unicode
At Jeonအိမ်တော်>>>

JK:appaနှင့်အတူ breakfastစားနေရင်း
သိချင်နေသောအကြောင်းအရာအချို့ကို
နှုတ်မှဖွင့်ဟမိလေသည်။

JK;''Appa ကျွန်တော်သိချင်တာရှိလို့ပါ''

စားလက်စတို့ကိုရပ်ပြီး ကျွန်တော့်ကိုမော့ကြည့်လာသောappကြောင့်

JK;''ကျွန်တော့်ကို Park Jiminနဲ့
လက်ထပ်ပေးရတဲ့အကြောင်းအရင်း''
''ကျွန်တော် သိလို့ရမလား?''

NJ;''အများကြီးစိတ်ရှုပ်ခံပြီးတွေးမနေပါနဲ့
Jeon Jungkook''
''ဘယ်လိုနေနေ မင်းသေချာပေါက် သူ့ကို
လက်ထပ်ရမယ်''

''အရမ်းသိချင်နေတယ်ဆိုရင်
တစ်ခုတော့ပြောပြနိုင်တယ်''
''Park Jimin အာ့ကလေးက
Park Jinnieရဲ့တစ်ဦးတည်းသော
သွေးဖြစ်နေလို့ပဲ''
''အာ့အကြောင်းပြချက်တစ်ခုကြောင့်ပဲ
ငါ့သွေးဖြစ်တဲ့မင်းကို Park Jinnieရဲ့သမီးနဲ့လက်ထပ်စေချင်တာ''

Jk:appaအများကြီး ရှင်းမပြလည်း
ကျွန်တော်နားလည်သွားပါပြီ။
appaက သူ့အရမ်းချစ်ခဲ့ရတဲ့ငယ်ချစ်ဦးရဲ့သမီးနဲ့ကျွန်တော့်ကို သဘောတူခဲ့သည်ကိုး။

appa သူရဲ့ငယ်ချစ်ဦးကိုအခုထိမမေ့နိုင်သေးဘူးထင်သည်။
သို့သော်လည်း ဂုဏ်သိက္ခာတရားကို
အသက်ထက်ပိုအလေးထားသော appaအဖို့ သူ့ငယ်ချစ်ဦးနဲ့ရွှေလက်ပြန်တွဲမည့်အစား
ကလေးချင်းကိုသာ လက်တွဲစေချင်နေသည်။

အမှန်တိုင်းဆိုလျှင် appaကျွန်တော့်အပေါ်မှာ ဘယ်တုန်းကမှ ဖခင်တစ်ယောက်လို
နွေးနွေးထွေးထွေးမဆက်ဆံခဲ့ပါချေ။

သားအဖဆက်ဆံရေးအစားတစ်ယောက်နဲ့
တစ်ယောက် ်သူငယ်ချင်းလိုသာ
ပြောဆိုဆက်ဆံခဲ့ကြသည်။
appaဘက်ကအမူအရာတွေနဲ့ကြင်နာမပြခဲ့
သော်လည်း ကျွန်တော် appaကိုချစ်သည်။

ကြောက်ရွံ့ရိုသေသည်။appaစကားတစ်ခွန်း
သည် ကျွန်တော့်အတွက် ငြင်းပယ်၍
မရနိုင်သော အမိန့်တစ်ခုသာ။

ဒါကလည်း ကျွန်တော့်ကိုမွေးကတည်းက
ommaဆုံးသွားပြီး appaလက်ပေါ်တွင်
ကြီးပြင်းလာရခြင်းကြောင့် ဖြစ်မည်ထင်သည်။အတွေးတို့ကိုနယ်ချဲ့နေရင်း...

When I Married A TomboyWhere stories live. Discover now