Ep *5*

7.9K 762 32
                                    

#Unicode

When I Married A Tomboy

JM:လက်ထပ်ပွဲ!နောက်ခါ
ထပ်မဆင်နွှဲချင်သည့်ပွဲတွေထဲမှာ
ထိုလက်ထက်ပွဲ ထိပ်ဆုံးကပင်!

ဘယ်လိုတောင်ပင်ပန်းလိုက်သလဲ?
ဂါဝန်ဖားယားကြီးတွေဝတ် ပါးညောင်း
လောက်အောင်တွေ့သမျှလူ သွားဖြီးပြရပြီး
ခန်းမတစ်ခုလုံး ခြေတိုလောက်အောင်
လှည့်ပတ်လျှောက်သွားရတာ ပျော်စရာကောင်းသည်တဲ့လား?

ညနေရောက်တော့လည်း ဘာထူးလဲ
ပျင်းစရာကောင်းတဲ့partyပွဲအလယ်မှာ
မတ်တပ်ရပ်ပြီး သိတဲ့သူရော မသိတဲ့သူတွေပါ
ပြုံးပြနေရတာ ထိုနေရာမှာပင် ပစ်လဲ
အိပ်ချင်စိတ်တောင်ပေါက်တယ်!

နောက်ဆုံး ဘယ်လိုမှ ဆက်ဟန်မဆောင်
နိုင်တဲ့အဆုံးမှာ Chanyeol oppaကို
အပူကပ်ပြီး အသာလစ်ထွက်လာခဲ့လိုက်တယ်။

Jeonအိမ်တော်အတွင်းမှ ကိုယ့်အတွက်
ဆိုသောအခန်းကို ဦးတည်သွားရင်း
ထိုအခန်းရောက်တော့
အဝတ်အစားပင်မလဲနိုင် မွေ့ရာပေါ်
ပစ်လဲချမိသည်။

JM;''Ahh ပင်ပန်းလိုက်တာ''

တစ်ကိုယ်တည်းညည်းတွားရင်း လှဲနေမိရာ
ခနကြာတော့ အခန်းdecoration ကို
လှည့်ပတ်ကြည့်မိသည်။

JM;''pink?hk စိတ်ပျက်စရာကောင်းတယ်
Jeon Jungkookဆိုတဲ့လူကြီး
babe ဘာအရောင် ကြိုက်လဲတောင်မမေးပု''

ပန်းရောင်လွှမ်းနေသော တစ်ခန်းလုံး
လှည့်ပတ်ကြည့်ရင်း
အဝတ်အစားလဲရန် babeအတွက်
ပြင်ဆင်ထားသော အဝတ်တွေကိုကြည့်မိတော့
omg!ဂါဝန်တွေနဲ့ အတို အပြတ် အဟိုက်တွေ
ချည်း!
sexy nightdressတောင်ပါလိုက်သေး!

JM;''Aishh omma!!!''

showcaseတစ်ခုလုံး ဘယ်လိုပင်
မွှေနှောက်ရှာသော်လည်း လုံခြုံသည့်
အဝတ်တစ်ခုမှမတွေ့ !
jeanတွေကလည်း အရှည်မပါ
ပေါင်လယ်လေးတွေသာ!

JM;''Ahh ငါတကယ်ရူးချင်တယ်
ommaဘာတွေ ဝယ်ထည့်ထားတာလဲ?''

ကြံရာမရသည့်အဆုံး ဟိုလူကြီး
Jeon Jungkookရဲ့ pajama ဝတ်စုံတစ်စုံကိုသာယူဝတ်ပစ်လိုက်သည်။

ထိုနောက်မှာတော့ ကိုယ်လက်သန့်စင်ပြီး
ပင်ပန်းမှု့တွေကိုဖြေဖျောက်ရန်
အိပ်စက်ခြင်းတွေဆီသို့...

When I Married A TomboyWhere stories live. Discover now