Ep*10*

8.5K 757 65
                                    

#Unicode

*When I Married A Tomboy*

JK:မြင်လွှာနှစ်ခု ပွင့်လျှင်ပွင့်ချင်း
လက်မှာပတ်ထားခဲ့သော
နာရီကိုကြည့်မိတော့ 5:00~
Koreaနဲ့အချိန်ကွာဟမှု့ကြောင့်
စောစောနိုးလာမိသော်လည်း
ပြန်အိပ်လိုက်ဖို့အစီစဉ်မရှိ!

ဘေးနားမှMinnieကိုကြည့်မိတော့
မျက်နှာလေးသာဖော်ကာ မွေးကင်းစ
ကလေးလေးကိုနှီးနဲ့ပတ်ထားသကဲ့သို့
တစ်ကိုယ်လုံးကို စောင်နဲ့ပတ်ထားလေသည်။

သူမနဖူးပေါ်ဝဲကျနေသော ဆံပင်ပျော့အိအိလေးများကို လက်နဲ့အသာဆွဲဖွလိုက်ရင်း
မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့
ဝင်လာလိုက်သည်။

ကျွန်တော်ရေချိုးခန်းထဲမှ ပြန်ထွက်လာ
သည်အထိ Minnie မှာမနှိုးသေး!
နှစ်ခြိုက်စွာအိပ်ပျော်နေသော သူမ ကို
ကျွန်တော်ကိုယ်တိုင်လည်းမနှိုးရက်ပေ!

လုပ်စရာအလုပ်လည်းမရှိသည့်အတွက် Minnie နိုးလာလျှင်စားဖို့ breakfast ကို
ကျွန်တော်ကိုယ်တိုင် အောက်ဆင်း
မှာပေးလိုက်သည်။

JM;အိပ်ရာမှနှိုးလာသည်နှင့် ခံစားမိသည်က babeဘေးနားမှာ Jeon Jungkook
မရှိသည်ကို!မနေ့ညကငိုထား၍
အနည်းအုံနေသော ခေါင်းကိုပင်
ဂရုမစိုက်အား

*babeကိုပစ်ပြီး Jeon Jungkook
တစ်ယောက် ဟိုမိန်းမနဲ့များ
breakfastအတူ သွားစားနေမလား?*

စိတ်ပူနေမိသည်။အတွေးတို့နှင့်
ယောက်ယှက်ခတ်နေစဉ်
အခန်းတံခါးဖွင့်ဝင်လာသောသူကို
လှမ်းကြည့်မိလိုက်သည်။

JK;''နိုးပြီလား''
''ကိုယ် မင်းအတွက် breakfast ယူလာတယ်''
''မျက်နှာမသစ်ရသေးဘူးလား?''

အမေးစကားများနှင့် babeနားတရွေ့ရွေ့
တိုးကပ်လာသော Jeon Jungkookကို
မျက်နှာချင်းမဆိုင်ရဲသဖြင့် မျက်နှာကိုလက်ဖြင့်အုပ်ထားလိုက်သည်။

ဟုတ်တယ်လေ !မနေ့ညက အများကြီး
ငိုထားတာ ခုချိန်ဆို babeမျက်လုံးတွေက
မှေးပါတယ်ဆို ကြည့်ရဆိုးလောက်အောင်
မို့အစ်နေမှာ 😣

JK;''wae?နေမကောင်းလို့လား Minnie''
''ဘာလို့မျက်နှာကိုအုပ်ထားတာလဲ''

JM;''ချီ''

JK;''Hmm?''

သေစမ်းMinnie! ချီ ဟုတ်လား?
အဲ့တာ့နင့်oppa Park Chanyeol
မဟုတ်ဘူးဟဲ့!

When I Married A TomboyWhere stories live. Discover now