Ep*12*

8.1K 754 51
                                    

#Unicode
*When I Married A Tomboy *

babeတို့Honeymoon!Honeymoon
ဆိုတာထက် အပန်းဖြေခရီးလို့ပြောရင်
ပိုမှန်လိမ့်မည် Paris ကနေ Seoul ကို
ပြန်ရောက်တာ အခုဆို
2လကျော်လောက် ရှိသွားပြီဖြစ်သည်။

ဒီကာလအတွင်း babeနဲ့Jeon Jungkook
ဆက်ဆံရေးကတော့ အရင်ကထက်
ပိုရင်းနှီးမှု့ရှိလာပြီး အဆင်ပြေလာသည်။

နှစ်ဖက်မိဘတွေရဲ့ဆန္ဒအရရော
babeကိုယ်တိုင်ကပါ ommaနဲ့
အတိုက်အခံ မလုပ်ချင်တော့သည့်အတွက်
် Jeon Jungkook နဲ့Namjoon
appaနှစ်ယောက်တည်းသာရှိတဲ့
Jeonအိမ်တော်သို့လိုက်နေဖြစ်ခဲ့သည်။

ထိုအိမ်သို့စပြောင်းကာစက
Namjoon appaအပါအဝင်
အိမ်တော်ထိန်းတွေ maidတွေကပါ
babeကို အရမ်းအလေးထား ဂရုစိုက်ကြတဲ့
အတွက် နေရမခက်ဘဲ ကိုယ့်အိမ်လိုမျိုး
သက်တောင့်သက်သာရှိလှသည်။

but တစ်ခုပဲပြဿနာရှိခဲ့သည်။Jeon Jungkookနဲ့အတူ ကုတင်တစ်ခုတည်းမှာ
အတူတူအိပ်စက်ရခြင်းက babeအတွက်
မလွပ်မလပ်နဲ့တကယ်ကို
အသားမကျခဲ့တာပါ။

ဒါပေမယ့်လည်း ၁လကျော်၂လနီးပါး
ရှလာတဲ့အချိန်မှာတော့ babeအတွက်
အနည်းငယ်တော့ အဆင်ပြေလာသည်။

Jeon Jungkookဆိုသည်မှာလည်း
မနက်မိုးလင်းကနေ ညနက်အထိ
companyမှာပဲ ရှိနေတတ်ပြီး အများအားဖြင့် breakfastစားချိန်နဲ့ညအိပ်ချိန်လောက်သာ babeနဲ့ဆုံဖြစ်တာပင်!

babeကိုယ်တိုင်လည်း ကျောင်းမပြီးသေးတာမို့ သူ့အတွက် ဘာမှမကူညီပေးနိုင်ပါ။
ဒါပေမယ့် Jeon Jungkookကတော့
အလုပ်တွေနဲ့မအားမလပ်ဖြစ်နေသည့်ကြားမှ babeနဲ့သူ လက်မထပ်ခင်က
သဘောတူခဲ့သည့်အတိုင်း babeဝါသနာကိုအကောင်အထည်ဖော်ခွင့်ရအောင်
အကသင်တန်းများစွာကို သူကိုယ်တိုင်
လိုက်၍အပ်နှံပေးခဲ့သေးသည်။

ဒါ့အပြင် တခါတရံ babeကို
သူကိုယ်တိုင်အကြိုအပို့လုပ်ပေးတတ်သည်။

ဒီနေ့လည်း babeကို သူကိုယ်တိုင်
သင်တန်းကိုလိုက်ပို့ပေးခဲ့ပြီး အပြန်အိမ်သို့
စောစောပြန်လာရန် မှာသွားသေးသည်။

Namjoon appaကအလုပ်ကိစ္စကြောင့်
japanမှာရောက်နေသည့်အတွက် အခုဆို
Jeon အိမ်တော်မှာ အလုပ်သမားတွေရယ်
အိမ်သားဆိုလို့babeနဲ့Jeon Jungkook
နှစ်ယောက်တည်းသာရှိသည်။
partyတက်စရာလည်း မရှိပါဘဲ မပြောစဖူး babeကို အိမ်စောစောပြန်လာဖို့ပြောတာ
babeတကယ် နားမလည်ပါ။

When I Married A TomboyWhere stories live. Discover now