Ep *13*

7.8K 728 29
                                    

#Unicode

* When I Married A Tomboy *

JK:မနေ့ညက Minnie ရဲ့တစ်ချက်လွှတ်
အမိန့်တော်ကြောင့် ကျွန်တော်
sofaနဲပဲ နှစ်ပါးသွားခဲ့ရသည်။

appaအခန်း ဒါမှမဟုတ် အခြားအခန်း
လွတ်တစ်ခုခုမှာ သွားအိပ်၍ရသော်လည်း Minnie များသနားပြီး ပြန်လာခေါ်လေမလား
မျှော်လင့်ချက်ကလေးနဲ့ အခန်းရှေ့က
sofaပေါ်မှာပဲ အိပ်ဖြစ်သွားသည်။

ညနက်မှအိပ်ပျော်သွားတာရယ် နေရာ
ကျဉ်းကျဉ်းမှာ အိပ်ခဲ့ရသောကြောင့်
မနက်နိုးလာတော့ ခန္တာကိုယ်က
အနည်းငယ် ကိုက်ခဲနေလေသည်။

အကြောဆန့်ရင်း မျက်နှာသစ်ရေချိုးရန်
အခန်းဆီပြန်လာမိတော့ Minnie
တစ်ယောက်မရှိချေ။

ရုံးပိတ်ရက်မို့ အေးဆေးစွာရေချိုး အဝတ်
ပစားလဲပြီး breakfast စားရန်
အောက်ထပ်ဆင်းလာတဲ့အထိ Minnie
အရိပ်အယောင်ကို မတွေ့ရပေ။

JK;''အိမ်တော်ထိန်းKim
Minnie ရော''

Kim;''မမလေးကို မနက်မိုးလင်းကတည်းက သခင်လေးPark Chanyeol
လာခေါ်သွားပါတယ်''

JK;''Chanyeol hyung?''

Kim;''nae''

JK;''ဘာမှာသွားသေးလဲ''

Kim;''သခင်လေးနိုးလာရင်
breakfastပြင်ပေးလိုက်ဖို့ပဲ
မှာသွားတာပါ''

အိမ်တော်ထိန်းKimအဖြေကို အသိ
အမှတ်ပြုသလို ခေါင်းငြိမ့်ပြလိုက်ရင်း
ကျွန်တော့်ကိုအသိမပေးဘဲ
Chanyeol hyung ခေါ်ရာ
လိုက်သွားသော Minnie အကြောင်းကို
စဉ်းစားခန်းဝင်မိသည်။

*ညက ကျွန်တော်စလိုက်တဲ့ကိစ္စကြောင့်
စိတ်ကောက်သွားတာလား?ဒါမှမဟုတ်
ပုံမှန်အတိုင်း သူ့ommaအိမ်
အလည်သွားတာလား?*

ခါတိုင်း Jin ommaဆီအလည်သွားလျှင်
ကျွန်တော့်ကို အသိပေးပြီးမှ သွားတတ်သလို ဒီလောက်အစောကြီးလည်း ၁ခါမှ
မသွားခဲ့ဘူးပေ။

ဘယ်လိုပဲစဉ်းစားစဉ်းစား အနည်းငယ်
်ထူးဆန်းနေသောကြောင့် ph ဆက်မေးဖို့ပဲ
ဆုံးဖြတ်လိုက်မိသည်။

စက်ပိတ်ထားပါသည်ပဲအော်နေသော
Minnie ph ကြောင့် Jin Ommaဆီသာ
phပြောင်းခေါ်လိုက်သည်။

When I Married A TomboyWhere stories live. Discover now