Ep *14*

8.9K 794 51
                                    

#Unicode

*When I Married A Tomboy *

JK:Minnie တစ်ယောက် ကျွန်တော့်ကို
အသိမပေးဘဲ Gwanju ကို
သွားသည့်နေ့ကစလို့ ကျွန်တော့်မှာ
ဟာတာတာနှင့် ၁ခုခု ပျောက်ဆုံးနေသလို
ခံစားချက်မျိုး ခံစားနေခဲ့ရသည်။

ထိုခံစားမှု့ကို အရိုးသားဆုံး ဘာသာပြန်
ကြည့်မိတော့ အလွမ်းဟု အဖြေ
ထွက်လေသည်။

ထို့ကြောင့် အရေးကြီးတဲ့အလုပ်တွေကို
သိမ်းကျူံးလုပ်ခဲ့ပြီး Appaလည်း
ခရီးကပြန်လာပြီဖြစ်သောကြောင့်
ခွင့်ယူကာ ကျွန်တော့်အလွမ်းတွေကို
ငြိမ်းသက်ပေးနိုင်မယ့် Minnieရှိရာ
Gwanju သို့လိုက်လာခဲ့မိသည်။

Jin ommaဆီကတောင်းယူထားတဲ့
လိပ်စာအတိုင်း လိုက်လာမိတော့
ခြံဝန်းအကျယ်ကြီးတွေရဲ့အလယ်မှာ
လှပစွာတည်ရှိနေသော တိုက်ပုလေး၁လုံးကို
တွေ့ရလေသည်။ထိုအိမ်ပိုင်ရှင်
Min Arjusshiက ကျွန်တော်ဟာ
Park Jimin ၏ခင်ပွန်း ဖြစ်ကြောင်း
ပြောလိုက်သည်နှင့် ဝမ်းပန်းတသာ
ဧည့်ဝတ်ပြုလေသည်။

Minnieကိုမတွေ့မိသဖြင့် မေးမိတော့
အိမ်အနောက်ဘက်က စိုက်ခင်းတွေမှာ
အာလူးတူးနေသည်တဲ့လေ~

Min Arjusshiက Minnie ကို
သွားခေါ်ပေးမည်ပြောသော်လည်း
အာလူးတူးနေမယ့် babeရဲ့ ပုံရိပ်ကို
ကျွန်တော်ကိုယ်တိုင် မြင်ချင်မိသောကြောင့်
Min Arjusshiရဲ့သား
Minnoဆိုသော ကလေးလေးကိုသာ Minnieရှိရာဆီ လိုက်ပို့ခိုင်းမိသည်။

Minnoလေးရဲ့လမ်းပြမှု့အဆုံး
ကျွန်တော်ရှိရာဆီ တအံ့တသြလှည့်
ကြည့်လာသော Minnie ကို
တွေ့ရလေသည်။

JM;''Omo Jeon Jungkook ''

ပန်းပွင့်အကြီးကြီးတွေပါသော ဘောင်းဘီ
ပွပွ အဖြူရောင် hoodie ခပ်ပွပွနှင့်
ဦးထုတ်ဝိုင်းအကြီးကြီးကို ဆောင်းထားသော
Minnieရဲ့ အာလူးတူးနေသော fashion ကို
မြင်ပြီးသကာလ ကျွန်တော့်မှာ
မရယ်မိဘဲ မနေနိုင်ချေ။

JM;''ခင်ဗျားကြီး babeကို
လှောင်ဖို့ လိုက်လာတာလား😒''

ဒီကတော့မထင်မှတ်ဘဲ babeရှိရာ
သူလိုက်လာ၍ အံ့သြနေသည်ကို
Jeon Jungkookဆိုသော
လူကြီးက babeဝတ်ထားသည့်
အဝတ်အစားများကို အစုံအဆန်
စူးစိုက်ကြည့်ကာ အတောမသတ်နိုင်စွာ
ရယ်နေလေသည်။

When I Married A TomboyWhere stories live. Discover now