Fan Boy Is Just A Fan Boy Ch-1

3.2K 189 13
                                    

Unicode (Zawgyi below)

Jaehyun 's POV

နှိုးစက်နာရီ ၃လုံးဘေးမှာချပြီး အိပ်ပျော်နေတဲ့ ကောင်လေးတစ်ယောက်အတွက်တော့ မိုးမမြင်လေမြမြင်နဲ့အိပ်မက်နေမယ်ဆိုတာအိပ်နေတဲ့သူ့ကိုကြည့်တာနဲ့သိတယ်

နှိုးစက်နာရီ ၃လုံး ဟာသူ့တို့ရဲ့ လှုပ်ဆောင်မှုကိုတပြိုင်တည်းမပျက်မကွက်လုပ်ဆောင်ချိန်မှာတော့

⏰⏰⏰⏰⏰⏰⏱⏱⏱⏱🕰🕰🕰🕰🕰

အိပ်မက်ကမထွက်လာနိုင်လောက်အောင်အိပ်မောကျနေတဲ့စောနကကောင်လေးတစ်ယောက်အမြန်နိုးလာပြီး ခေါင်းရင်းကနာရီကိုအမြန်ပိတ်လိုက်တယ်။

ဆက်မြည်နေတဲ့ ခြေရင်းကနာရီကိုခြေထောက်နဲ့ဆွဲယူပြီးထပ်ပိတ်လိုက်တယ်။

ကုတင်အောက်က နှိုူးစက်နာရီကိုလည်း လျစ်လျူရှုထားလို့မရတာကြောင့်အဆက်မပြတ်မြည်နေတဲ့ သံပတ်ခလုတ်ကိုကုတင်အောက်ကနေကုန်းကောက်ပြီးပိတ်လိုက်တယ်။

ကျယ်လောင်စွာမြည်နေတဲ့ နှိုးစက်နာရီ ၃လုံးကိုတစ်လှည့်ဆီပိတ်ပြီးတဲ့နောက်မှာတော့ ကျနော်သိလိုက်ရတာကဒီနေ့ဟာ ၂၆ရက်နေ့။

ကုတင်နဲ့မျက်နှာချင်းဆိုင်မှာကပ်ထားတဲ့ ပြက္ခဒိန်မှာ ထင်းနေအောင် အနီရောင်မင်နဲ့အဝိုင်းခံထားရတဲ့ ၂၆ ရက်နေ့ကိုရုတ်တရက်တွေ့လိုက်ရတဲ့အချိန်မှာ ကျနော့်ခေါင်းထဲကိုသံရည်ပူတွေလောင်းထည့်ထားသလိုပူလောင်သွားတယ်

ကျနော့်ခန္ဓာကိုယ်ကို စပါးကြီးမြွေတစ်ကောင်လိုရစ်ပတ်ထားတဲ့ ဂွမ်းစောင်အဖြူရောင်ကြီးကိုထဲကနေအမြန်ရုန်းထွက်လိုက်ပြီးနောက်

"ဟုတ်တယ် ဒီနေ့ ၂၆ ရက်နေမို့လို့ငါဒီလောက် နှိုးစက်တွေအပြည့်ပေးထားခဲ့တာ"

ကျနော့်ကိုယ့်ကိုကိုယ်ရေရွတ်လိုက်ပြီးကပြာကယာကုတင်ပေါ်ကနေဆင်းလိုက်မိတယ်

"ဒုန်း"

"အားးးးးးး တေ တေပါပြီ နာလိုက်တာ "

ကုတင်ကဆင်းဆင်းချင်းဖင်ထိုင်လျက်ချောလဲတာဟာ ကျနော့်ရဲ့မနက်ခင်းတိုင်းလိုလိုဆိုပေမယ့် ဒီနေ့မှထပ်ချော်လဲရလေသလားလို့ကိုယ့်ဘာသာအပြစ်တင်မိတယ် ဘိလိယက်ဘောလုံးကိုတက်နင်းမိလို့ချော်လဲသွားတာကြောင့် အဲ့ဘိလိယက်ဘောလုံးကို ကျနော်အမြင်ကပ်ကပ်နဲ့ခြေထောက်နဲ့တခြားဘက်ရောက်သွားအောင်ကန်လိုက်တယ်။

Fan Boy Is Just A Fan Boy Where stories live. Discover now