Fan Boy Is Just A Fan Boy Ch-15

694 89 3
                                    

Unicode (Zawgyi below)

Taeyong's POV

ဒီလိုနဲ့ Limitless era ကြီးလည်းကျနော်နေမကောင်းတဲ့ကြားကခက်ခက်ခဲခဲပြီးဆုံးသွားလေတယ်။ ဆေးရုံတောင်တက်လိုက်ရတဲ့အထိမေ့လဲတဲ့အထိတွေတောင်ဖြစ်လို့ ကျနော့်ကိုယ်ကျနော်တောင်ပြန်အံ့သြမိပါရဲ့။ ကျနော်ဆေးရုံတက်နေရတဲ့အချိန်တွေမှာ ကျနော့်ကိုအနီးကပ် Jaehyun ကပြုစုပေးရှာတယ်။ nurse တောင်မငှားပဲနဲ့။

မိုးမရွာနိုင်ပေမယ့်လည်းမိုးအုံ့နေတာကြောင့် ကျနော် cafe တစ်ခုထဲခဏဝင်ပြီး မုန့်လည်းစား coffee လည်းသောက်နဲ့ဇိမ်ယူပါရဲ့။

ဦးထုပ်ခပ်ငိုက်ငိုက်ဆောင်းထားလို့ ဘယ်သူမှကျနော့်ကိုသတိမထားမိဘူးထင်ရတာပဲ

ကျနော့်ဘေးက ကျနော်နဲ့အတူပါလာတဲ့ staff တစ်ယောက်ကလည်း coffee တစ်ခွက်နဲ့။ ကျနော့်ရဲ့ free time တွေကိုသာမန်လူတစ်ယောက်အနေနဲ့အသုံးမချရတာဘယ်လောက်ကြာခဲ့ပြီလဲ?

"တီ~~"

ကျနော် ခွက်ဘေးကမီးလင်းပြီးအသံမြည်လာတဲ့ကျနော့်ရဲ့ဖုန်းကိုလှည့်ကြည့်လိုက်တယ်

My beloved manager

ဆိုတဲ့ contact name အောက်ကသူပို့လိုက်တဲ့ sms တစ်စောင်

📩 မနေ့ကလာပို့ခိုင်းထားတဲ့ flash drive လာပေးမယ် အခုဘယ်မှာလဲ? SM မှာရှာကြည့်သေးတယ် မရှိဘူးဆိုလို့📩

သူပို့တဲ့ sms ကိုဖတ်ပြီးမှသတိရတာက ကျနော် သီချင်းသွင်းထားတဲ့ audio တွေရော lyric တွေရောပါတဲ့ Flash Drive ကို အသံသွင်းဌာနမှာအပ်ခဲ့မိတယ်။ ဒါ့ကြောင့်သူ့ကိုယူခိုင်းထားတာ။ အခုသူ့ဆီကပြန်ယူရမှာကိုတောင်မေ့နေပြန်ပြီ....

📨ok ! ငါအခု cafe တစ်ခုမှာ လိပ်စာပို့ပေးမယ် လာပို့လိုက်📨

ကျနော်စေရင် ဝေါယာဉ်တော်ထက်တောင်မြန်တတ်တာကိုသိနေလို့ သိပ်စောင့်ရတော့မှာမဟုတ်ဘူးဆိုတာယုံကြည်နေမိတယ်

"ဟိုလေ..... တောင်းပန်ပါတယ် ကျနော့်မိန်းမက အရေးကြီးကိစ္စဆိုပြီးလှမ်းခေါ်နေလို့ သွားလို့ရမလား"

ရုတ်တရက်ဖုန်းကိုကြည့်ရင်း ကျနော့်ကိုခွင့်တောင်းလာတဲ့ Staff ရဲ့စကားကြောင့်နည်းနည်းကြောင်သွားတယ်

Fan Boy Is Just A Fan Boy Onde as histórias ganham vida. Descobre agora