Fan Boy Is Just A Fan Boy Ch-3

1.1K 142 1
                                    

Unicode (Zawgyi below)

Jaehyun 's POV

စကားစမဖြတ်နိုင်တဲ့ကောင်မလေးကကျနော့်ကိုဆက်စကားပြောလေရဲ့

"ဒါနဲ့ အကိုက Fan boy ဆိုတော့ shipping တွေဘာတွေစိတ်မဝင်စားလောက်ဘူးထင်တယ်"

"စိတ်ဝင်စားပါတယ်"

ကောင်မလေးရဲ့စကားကိုကျနော် positive ဘက်ကပဲပြန်ဖြေလိုက်တယ်

"ဘယ်သူတွေကို ship တုန်း"

ထပ်မေးတဲ့မေးခွန်းမှာကျနော်ဆွံ့အ သွားတယ်

အမှန်တော့ကျနော် shipping ကိစ္စကိုတောင်လျစ်လျူရှုနေခဲ့တာ ကျနော်မခံစားနိုင်ဘူးလေ

တခြားfan တွေ TaeTen ဆိုပြီးအသည်းအသန် ship ပြီး positive ဘက်က feel နေကြပေမယ့် သူတို့၂ယောက်ကိုတွဲမြင်လိုက်ရင်တောင်မှ ကျနော့်ရင်ထဲကနေ ထိုးထိုးပြီးအောင့်တက်လာတဲ့နာကျင်မှုက သံပတ်ပေးထားသလိုပါပဲ။

Fan girl တွေက လိုလိုလားလား ship ကြပေမယ့် ကျနော့်လို Fan boy တယောက်ဟာ Taeyong ကိုဘယ်သူနဲ့မှမပက်သက်စေချင်လောက်အောင်ကိုသဝန်တိုနေမိတာ။ မိန်းကလေးနဲ့ rumor ထွက်မှာလည်းသေအောင်ကြောက်သလို member အချင်းချင်းတောင်မှ Taeyong ဘေးမှာရှိနေကြတယ် ဆိုပြီးအားကျတဲ့စိတ်နဲ့အတူမနာလိုလည်းဖြစ်နေမိတာ။

"ညီမကရော?"

ကျနော်ပြန်မဖြေနိုင်သေးတဲ့မေးခွန်းကိုသူ့ပြန်ဖြေခိုင်းလိုက်တယ်

"ထုံးစံအတိုင်း TaeTen ပေါ့ အကိုကလဲ"

စိတ်မရှည်တဲ့ပုံနဲ့ပြန်ဖြေတဲ့ ကောင်မလေးရဲ့အဖြေဟာကျနော့်ရဲ့စိတ်တွေကိုထပ်လှည့်စားလိုက်တယ်

"အင်းးးး ကျနော်ရောပါပဲ"

အောင့်သီးအောင့်သက်နဲ့ မမှန်ကန်တဲ့အဖြေတစ်ခုကိုကျနော်ပေးလိုက်တယ်

"ကျနော်ဟိုဘက်ခဏသွားလိုက်ဦးမယ်နော်"

ထပ်စကားပြောချင်စိတ်မရှိတော့တာကြောင့် ကောင်မလေးနဲ့ခပ်လှမ်းလှမ်းဘက်ကိုထွက်လာလိုက်တယ်။

လမ်းလျှောက်နေတုန်း မိုက်ခနဲယိုင်သွားတာကြောင့် ကိုယ့်ဘာသာကိုယ်အမြန်ထိန်းလိုက်ရတယ်။

Fan Boy Is Just A Fan Boy Where stories live. Discover now