Fan Boy Is Just A Fan Boy Ch-9

979 140 10
                                    

Unicode (Zawgyi below)

Jaehyun's POV

"Nae?????"

အိပ်နေရင်းဝင်လာတဲ့ဖုန်းကိုကိုင်လိုက်တော့မှ အကြီးကြီးမျက်လုံးပြူးတာ

"ဟုတ်ကဲ့ ဟုတ်ကဲ့"

ဆိုဖာပေါ်ကနေပလူးပလဲအမြန်ထ

SM ရဲ့အပေါ်ထပ်ကို အမြန်တက်ပြေးတော့ တော်သေးတယ်

ဟိုကလေးတွေက အဆင်သင့်ဖြစ်နေကြပြီ ကျနော်တစ်ယောက်တည်းပင်ပန်းလွန်းလို့အိပ်ပျော်သွားတာ Dream ကလေးတွေက ဒီနေ့ M countdown သွားရမယ်ဆိုတာကိုကျနော်မေ့နေတာ

သတိတော့ရပါတယ်

အိပ်ပျော်သွားတော့မေ့သွားတာပါ

တော်သေးတာပေါ့ ဖုန်းဝင်လာလို့

"လာ လာ ကလေးတွေ အမြန်သွားရအောင်"

ကျနော်ကသာအလောသုံးဆယ်ရိုက်နေတာ သူတို့လေးတွေက slow motion လေးတွေနဲ့တော့။ ၇ယောက်လုံးကိုကားထဲအတင်းဆွဲသွင်းပြီး driver ကိူအမြန်မောင်းခိုင်းရတယ် ။မသိရင် ကလေးတစ်သိုက်ကိုပြန်ပေးဆွဲသွားတာကျနေတာပဲ။

Mnet building ရှေ့လည်းရောက်ရော အော်သံတွေကြွက်ကြွက်ညံ ကလေးတွေမထိခိုက်အောင် ဘေးကနေ ကာပေးထားရသေးတယ်။ ၇ယောက်ထဲက တစ်ယောက်သာလှမ်းဆွဲပြီးလုသွားရင်တော့ရင်ကျိုးရချည်ရဲ့။ကျနော်လည်းအလုပ်ပြုတ်မှာလေ ။ ဒါပေမယ့် ကျနော်ရှိရင် ဒီကလေးတွေကိုထိလို့တောင်မရပါဘူး။ fan တွေလည်းကြာရင်ကျနော့်ကို eye cross ဖြစ်တော့မှာ။ မသိဘူး မသိဘူး ကျနော်ခံစားနေရတာတွေဘယ်သူမှမသိဘူး

Building ထဲဝင်တော့မှရင်ထဲက ဘယ်သူများဆွဲလုသွားမလဲဆိုတဲ့အပူလုံးကြီးကကျသွားတာ

ဒီလို ဒီလိုနဲ့ ပြီးဆုံးရသောတစ်နေ့....

ကလေးတွေကို dorm ပြန်ပို့

ကျနော်ကတော့ SM မှာလုပ်စရာလေးတွေရှိသေးလို့ SM building ဆီပြန်ရတာပေါ့

ညနေ ၆ နာရီကျော်လောက်

တိတ်ဆိတ်စပြုနေပြီဖြစ်တဲ့ SM building ထဲမှာဖြစ်တာကြောင့် အလုပ်ကိုအမြန်လက်စသတ်ပြီး အဆောင်ပြန်ဖို့ အောက်ထပ်ကိုဆင်းလာလိုက်တယ်

Fan Boy Is Just A Fan Boy Where stories live. Discover now