Fan Boy Is Just A Fan Boy Ch-4

1.1K 134 3
                                    

Unicode (Zawgyi below)

Jaehyun's POV

အဆောင်ပြန်ရောက်တော့

အိပ်ရာပေါ်မှာပစ်လှဲချလိုက်တယ်

အဲဒီတော့မှ ကျနော့်ခြေထောက်တွေတောင့်ခဲနေပြီဆိုတာကိုသတိထားမိတယ်

အားနည်းနေတာကိုအနားမယူဘဲ ဆက်ဒဏ်ပေးသလိုဖြစ်သွားတာကြောင့် နွေးသက်သက်ဖြစ်လာတဲ့ နှဖူးကိုလက်နဲ့အသာစမ်းလိုက်မိတယ်

သေချာပါတယ်။ ကျနော်ဖျားနေပြီဆိုတာ

ဒါပေမယ့် Taeyong ကိုတွေ့ရဖို့ကြိုးစားရင်းဖျားတာပဲလေ ကျနော်ကိုယ့်ကိုကိုယ်လည်းအပြစ်မတင်သလို Taeyong ကြောင့်ဆိုပြီးတော့လည်းခေါင်းစဉ်တပ်မနေတော့ဘူး

Taeyong ပေးလိုက်တဲ့ဆေးကိုအတော်ကြာကြာစိုက်ကြည့်ရင်း မသိမသာရင်ခုန်နေမိတာအမှန်ပဲ

ကျနော်မမျှော်လင့်ထားတဲ့ ကြင်နာမှုကိုသူကျနော့်ကိုဘေးခဲ့တယ်။ ပထမတော့သူပေးတဲ့ဆေးကိုကျနော်လုံးဝမသောက်ဘူးဆိုပြီးဆုံဖြတ်ထားခဲ့တယ်။

သူဟာ Idol

ကျနော်ဟာ သူ့ရဲ့ fandomဆိုတဲ့လူတွေအများကြီးထဲကမှမြူမှုန်တမှုန်စာလောက်ပဲရှိတဲ့ fan တယောက်။

ပိုဆိုးတာက ကျနော်ဟာ fan boy

Taeyong ကိုကျနော်ချစ်ခဲ့တဲ့အချစ်က Fanတယောက်လိုအချစ်မဟူတ်တာ ကျနော်ဝန်ခံရဲတယ်

Taeyong ကိုကျနော့်ရဲ့Idol လို့မတွေးခဲ့တာလည်းဝန်ခံတယ်။

ဒါပေမယ့် အခြေအနေအရပ်ရပ်ကြောင့်ရော သဘာဝအရရောသူနဲ့ကျနော်ဟာဘာလိုမှမဖြစ်နိုင်။

fan service အနေနဲ့ပေးလိုက်တဲ့ဆေးလေးတစ်လုံးအတွက်နဲ့ နှလုူံရပ်မတတ်ရင်ခုန်ပြီးရူးသွပ်နေတာတော့မဖြစ်သင့်ဘူးလေ။ နောက်ပြီး ကျနော့်လို Fan Boy တယောက်မှာ သူနဲ့ပက်သက်ပြီးမဖြစ်နိုင်တာတွေကိုစိတ်ကူးယဉ်မနေသင့်ဘူးလေ

သက်ပြင်းတချက်ချလိုက်ပြီး Taeyong ပေးလိုက်တဲ့ဆေးကို အမှတ်တရအနေနဲ့သိမ်းမထားတော့ဘဲ စိတ်မာမာနဲ့ဖောက်သောက်လိုက်တယ်။

ကျနော့်ဘက်ကသာ ဘယ်လိုအချစ်မျိုးနဲ့အသေအလဲချစ်ချစ် သူဟာ Idol ကျနော်ဟာ Fan Boy

Fan Boy Is Just A Fan Boy Where stories live. Discover now