Fan Boy Is Just A Fan Boy Ch-16(The Last Part)

1.4K 135 36
                                    

Unicode (Zawgyi below)

Taeyong's POV

Next Morning

"Taeyong မင်းဒီတိုင်းနေနေလို့မရတော့ဘူး"

"ဘာကိုလဲ?"

Taeil ကအလန့်တကြားကျနော့်ကိုပြောလာလို့ ကျနော်ပါလန့်မိတယ်

"မင်းတစ်ခုခုလုပ်ပြီးဖြေရှင်းရတော့မယ်"

Twt စာမျက်နှာက hash tag များ

ခေါင်းနပန်းကြီးသွားစေပါရဲ့

တကယ်ပါ

#LeaveTYfromNCT

ဟူသည့် hash tag များ

ရင်ထဲမှာ သူတို့ချစ်တယ်လို့ပြောခဲ့တဲ့ကျနော်ကသူတို့အတွက်အခုဘာမှမဟူတ်တော့ဘူးလား လို့ခံစားလိုက်ရတယ်

တည်ငြိမ်သွားတဲ့အထိစောင့်မယ်လို့စဉ်းစားထားမိပေမယ့် အခြေအနေကကျနော်မျှော်လင့်ထားသလိုဖြစ်မလာဘဲ အရမ်းရုတ်ရုတ်သဲသဲဖြစ်လာတဲ့အခါမှာ...

"ငါ.... ငါဆက်လုပ်ရမလဲ?"

လေသံပျော့ပျော့နဲ့ Taeil ကိုကျနော်မေးလိုက်တော့

"မင်း social မှာ post တစ်ခုခုတင်မှဖြစ်မယ်ထင်တယ် ကိုယ်ကမှန်နေပေမယ့်လည်းလိမ်ရမယ့်အခိုက်အတန့်တွေတော့ရှိလာမှာပဲလေ"

လိမ်ရမယ်?

Jaehyun ကိုချစ်တဲ့အချစ်တွေကို public မှာမချပြဘဲ ဆက်လိမ်ရမယ်တဲ့လား?

ဖုံးကွယ်ပြီး သိုးသိပ်စွာရှိနေရတဲ့အချစ်တစ်ခုမှာ လွတ်လပ်မှုပျောက်ဆုံးပြီး နီးလျက်နဲ့အလွမ်းတို့ကြာရှည်နေရတာတွေကိုကျနော်မုန်းလှပြီ

ကျနော် Jaehyun ကိုချစ်တယ်

အရမ်းချစ်နေမိတာ

အချစ်စစ်တွေနဲ့အတူ....

သို့သော်..

ချစ်ခြင်းမေတ္တာတို့ကို ကျနော်အပြည့်အဝမမျှဝေနိုင်ဘူး

သူ့ကိုချစ်လွန်းလို့ ၊ အချစ်စစ်နဲ့ကျနော်ထိတွေ့ခဲ့ရတဲ့အချိန်မှာ.... ကျနော့်ရဲ့ဝါသနာကြောင့်အခက်အခဲပေါင်းများစွာကနေဖြတ်ကျော်ပြီးရထားတဲ့ ကျနော့်ရဲ့အောင်မြင်မှုနဲ့အလုပ်အကိုင်ကိုစွန့်လွှတ်လိုက်မယ်ဆိုပြီး ခိူင်မာတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ဖူးတယ်

Fan Boy Is Just A Fan Boy Where stories live. Discover now