Fan Boy Is Just A Fan Boy Ch-8

1.1K 153 18
                                    

Unicode (Zawgyi below)

Jaehyun's POV

"ဒီဘက်မှာပါ practice room ထဲမှာ သူတို့လေ့ကျင့်နေကြပါတယ်"

အကွေ့အကောက်တွေများလွန်းတဲ့လမ်းချိုးတွေကိုဖြတ်ပြီးလမ်းတစ်လမ်းအရောက်မှာ staff ကကျနော့်ကိ့လမ်းညွှန်ပေးတယ်

အထပ်တွေအများကြီး ၊ လမ်းအကွေ့တွေအများကြီး ၊ အခန်းတွေအများကြီးနဲ့ ကျယ်ဝန်းလွန်းတဲ့ SM ent ထဲကိုကျနော်ခြေချမိတာ ကျနော်ကိုယ်တိုင်တောင်မယုံနိုင်။

staff ညွှန်ပြတဲ့လမ်းချိုးအတိုင်းလိုက်သွားပြီးတော့ အသံတစ်ချို့ထွက်နေတဲ့ အခန်းရှေ့မှာကျနော်တို့ရပ်လိုက်တယ်။ staff ကအခန်းတံခါးကိုအသာလေးဖွင့်လိုက်ပြီး

"မင်းတို့ရဲ့ manager အသစ်ပါလာတယ်"

ကျနော်လည်း အခန်းထဲကိုအသာလေးခြေလှမ်းဝင်သွားလိုက်တော့ စကိတ်ကိုစီနဲ့ အကကျင့်နေကြတဲ့ NCT Dream ကိုတွေ့လိုက်ရတယ်

စကိတ်စီးတဲ့ ကလေးတစ်သိုက်ကို manager အနေနဲ့ထိန်းရတော့မယ်ဆိုတာကိုသိလိုက်ရတော့ လမ်းတလျှောက်လုံးဝင်လာတဲ့ စိတ်ကြီးကလည်းအလိုလိုပျောက်သွားတယ်

"annyeong Jung Jaehyun meda"

"annyeong"

ကျနော်နှုတ်ဆက်လိုက်တော့ ပြန်နှုတ်ဆက်ကြတယ်။ ယဉ်ယဉ်ပျေးကျေးလေးတွေပါပဲ။ ဘယ်တော့ဇာတိပြမလဲတော့မသိဘူး

"hyung ကမင်းတို့နောက်လိုက်ရမယ့် manager အသစ်ပါ"

ကျနော်ထပ်မိတ်ဆက်လိုက်တော့ အပြုံးလေးတွေနဲ့ကျနော့်ကိုပြန်မျက်နှာချိုသွေးပြတယ်။

"မင်းတို့လိုတာရှိရင် သူ့ကိုပြော အစ်ကို ကျနော်သွားတော့မယ် "

ကျနော့်ဘေးက staff ကပြောလိုက်တော့ ကျနော်နည်းနည်းချွေးပြန်သွားတယ်။

ကလေးတစ်သိုက်နဲ့ကျနော့်ကိုထားပြီးထွက်သွားတဲ့ staff ကိုကျနော်နည်းနည်းတော့စိတ်တိုသွားတယ်

ကျနော်လည်းဘာလုပ်ရ ဘာပြောရမှန်းမသိတာနဲ့

"hyung ဒီနားထမင်းသွားစားလိုက်ဦးမယ်နော် ပြန်လာခဲ့မယ်"

"Hyungnim "

အယ်??!!!

ကျနော့်ကိုသူတို့ခေါ်လိုက်တာလားးး

Fan Boy Is Just A Fan Boy Where stories live. Discover now