Fan Boy Is Just A Fan Boy Ch-14

756 101 3
                                    

Unicode (Zawgyi below)

Jaehyun's POV

MBC ကပြန်လာတော့ ကားပေါ်မှာတင် နှာတချေချေဖြစ်နေတဲ့ကျနော့်ချစ်သူ ကျနော့် idol လေးရဲ့မျက်နှာကဒီနေ့မနက် bulgogi စားနေရတဲ့မျက်နှာလောက်မလန်းတော့တာကိုကျနော့်သိလိုက်ရသည်

အလုပ်မရှိသောကျနော့်အဖို့ ၊ မှတ်သားလေ့လာစရာ ကျောင်းစာမရှိသောကျနော့်အဖို့ သူ့မျက်နှာဗေဒကိုကျက်မှတ်လေ့လာရသည်မှာ ကျနော့်ရဲ့တာဝန်ဖြစ်သည်။ ကျွမ်းကျင်အဆင့်ထိရောက်နေပြီဖြစ်တဲ့ ကျနော်လေ့လာနေသော သူ့ရဲ့မျက်နှာဗေဒသည် ကျနော့်ရဲ့တစ်နေ့တာကို ကွက်လပ်မရှိပျော်ရွှင်မှုပေးတတ်သလို လစ်ဟာမှုမရှိဝမ်းနည်းမှုလည်းပေးတတ်ပြန်သည်။

သူ့ရဲ့ငြိုးငယ်သွားတဲ့မျက်နှာက ကျနော့်စိတ်ကိုပါမိုးသည်းပေးလိုက်ပြန်တယ်

"ဟတ်ချိုးးးးး"

တစ်ခါလည်းမဟုတ် ၊ နှစ်ခါလည်းမဟုတ် ထပ်ခါထပ်ခါနှာချေနေတဲ့ သူ့ကိုကျနော်စိတ်ပူလာမိတယ်

မပြောမဆိုရောက်သွားရတဲ့ကျနော့်လက်ဖဝါးက အခုသူ့နှာဖူးပေါ်မှာ

ပူနွေးနွေးနှာဖူးကိုကျနော်စမ်းသပ်လိုက်မိလို့ သူ့ဆီမှာအဖျားပိုးရှိနေပြီဆိုတာကျနော်သိလိုက်ရပါရဲ့။

တော်ရုံတန်ရုံနေမကောင်းဖြစ်လေ့မရှိတဲ့ ဒေါင်ဒေါင်မြည်လူသားကဒီနေ့မှဘာလို့ဖျားရတာလဲ? မိုးမစိုအောင်တောင်ကျနော်ဘယ်လိုခေါ်လာရလဲ? လေအေးနဲ့မိုးအေးထဲဖြတ်မိတာနဲ့ဖျားနေတယ်ဆိုတာကြီးကိုကျနော်စဉ်းစားမရ။

မနက်ဆိုလည်း Music Bank မှာဖျော်ဖြေရေးရှိသေးတာမို့ သူတို့တွေဒီနေ့ညလည်း practice လုပ်ရဦးမယ်။ သူ့ကိုနားစေချင်ပေမယ့် သူချစ်သောအလုပ်ကသူ့ကိုတွယ်ကပ်နေပြန်တာကြောင့်ကျနော်တားမယ့်ကိစ္စလည်းအလိုအလျောက်ပျောက်သွားလေတယ်

အခုလည်း SM ကိုတန်းပြန်ရမှာမဟုတ်ဘဲ radio show ကိုသွားနေရတာမို့သူ့ကိုပိုအားယုတ်စေတော့မှာကိုကျနော်စိတ်ပူနေမိတယ်။

radio show ကပြန်မှ SM မှာ dance practice လုပ်ရမှာ။

practice ပြီးရင်ပင်အချိန်က ညသန်းခေါင်နီးပါးဖြစ်နေုပီမလား? ပိုဆိုးလာတော့မယ့်သူ့ရဲ့ဖျားနာမှုကိုကျနော်ကြိုမြင်ယောင်နေတယ်

Fan Boy Is Just A Fan Boy Where stories live. Discover now