Fan Boy Is Just A Fan Boy Ch-5

1K 139 2
                                    

Unicode (Zawgyi below)

Jaehyun 's POV

အဖျားကြီးပေမယ့်လည်း ညက Yuta ရဲ့ပြုစုမှုအောက်မှာနေခဲ့လို့ မနက်မိုးလင်းတော့နည်းနည်းသက်သာသလိုလိုရှိသွားတယ်။ ဒါပေမယ့်လည်း နာလန်ထ တစ်ယောက်လိုဂရုစိုက်ပြီးနေရမယ့်အချိန်လည်းဖြစ်တယ်။ ခေါင်းထဲမှာရီဝေဝေ ကျိန်းစပ်စပ်နဲ့ကိုက်ခဲနေတဲ့ဝေဒနာကတော့ကျန်နေတုန်း။ကိုယ်ပေါ်မှာပိနေတဲ့ အဖြူရောင်စောင်ကိုဖယ်လိုက်ပြီးကုတင်ပေါ်ကဆင်းလိုက်တယ်။

ကြမ်းပြင်ပေါ်မှာပွလန်ကျဲနေတဲ့အရာတွေအားလုံးတစ်ယောက်ယောက်ယူသွားသလိုတစ်ခုမှရှိမနေတော့ပါ။ ရှင်းလင်းနေတဲ့ကြမ်းပြင်ရော အခန်းရောကို ကျနော်တစ်ချက်ကြည့်လိုက်ပြီးပြုံးမိလိုက်တယ်။ ညက Yuta ရှင်းသွားတာနေမှာပေါ့။ Yuta နဲ့ကျနော်ဟာငယ်ငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေမို့လို့သာဒီလောက်ပုခုံးဖက်ပြီးပေါင်းတဲ့အထိခင်နေကြတာ။ အမှန်ဆိုရင် Yuta အကြိုက်ရော ကျနော့်အကြိုက်ရောနည်းနည်းလေးမှမတူပါဘူး။ ကျနော်က စိတ်ကူးယဉ်ဆန်လွန်းတဲ့ kpop ကိုရူးသွပ်ပြီး ကိုယ့် bias ကိုအသေအကျေ support နေတဲ့အချိန်မှာ သူက ဘောလုံးကစားတာကိုနှစ်သက်ပြီးလေ့ကျင့်နေတတ်တာမျိုးတွေလိုမျိုးပေါ့။

ကုတင်ဘေးကမီးအိမ်တင်စားပွဲလေးက album ကတော့ဒီအတိုင်း။

Yuta သိပါတယ်။ ကျန်တဲ့ပစ္စည်းတွေအကုန်ရှင်းရင်ရှင်းမယ် ဒီ NCT နဲ့ပက်သက်တဲ့အရာတွေကိုတော့သူလက်ဖျားနဲ့တောင်မထိပါ။ ထိလိုက်လို့နောက်ဆက်တွဲဖြစ်ပေါ်လာမယ့်ကျနော့်ရဲ့ဒေါသကိုသူကောင်းကောင်းသိနေလို့လေ။

အရင်ကcover ပဲရှင်းရှင်းကြီးမြင်ရတဲ့ album နဲ့ sign တွေစုံနေတဲ့ အခုလို album ကိုယှဉ်ပြီးမြင်ယောင်မိသေးတယ်။ လက်မှတ်ထိုးတဲ့အချိန်မှာ ကျနော် Taeyong နဲ့နီးစပ်ခဲ့တယ်။ fan sign တုန်းကသူနဲ့ကျနော့်ကြားမှာ စားပွဲတစ်ခုသာခြားပါတယ် ။ ဒါပေမယ့်ကျနော်နီးစပ်တယ်လို့နည်းနည်းလေးမှမထင်ခဲ့ဘူး။ နီးစပ်လွန်းပေမယ့်ဝေးကွာလွန်းတယ်လို့ခံစားနေရတယ်။

ကျောင်းသွားဖို့ပြင်ဆင်ပြီး ထိုင်းမှိုင်းတဲ့စိတ် လေးလံတဲ့ခြေလှမ်းတွေနဲ့ကျနော်အခန်းတံခါးပိတ်ပြီးထွက်လာလိုက်တယ်။ အမှန်ဆိုမနေ့ညကအပြင်းဖျားထားလို့ဒီနေ့ကျောင်းမတက်ဘဲကျနော်နားခဲ့သင့်တာ။ ၂ရက်ဆက်တိုက်ပြတ်ထားတဲ့ကျောင်းစာကို ၃ရက်ထပ်တိုးပြီးပျက်မယ်ဆိုရင်တော့ကျနော် စာတစ်လုံးမှနားလည်တော့မှာမဟုတ်ဘူး ဒီတော့လည်းမနည်းအားတင်းပြီးကျောင်းတက်ရမှာပဲလေ စောင့်နေကျ bus stop မှာရပ်နေရင်းအေးစိမ့်ခြင်းနဲ့အတူပျင်းရိခြင်းကစိုးမိုးလာတယ်။ ဒါကျနော်တို့ကျောင်းသားတွေကျောင်းတက်ခါနီးဖြစ်တတ်နဲ့စိတ်ကလေးပါပဲလေ😁

Fan Boy Is Just A Fan Boy Where stories live. Discover now