Fan Boy Is Just A Fan Boy Ch-2

1.3K 152 3
                                    

Unicode (Zawgyi below)

Jaehyun 's POV

ကျနော်အိပ်ရာထတာ ၅နာရီ

အခုမနက် ၆ခွဲ ပြီ

Fan sign ကမနက်၉နာရီ

၂နာရီခွဲလောက်ကျန်သေးတဲ့အချိန်ကိုတောင် ကျနော်သောသေးတယ်လို့မထင်မိ။

လက်ထဲမှာကိုင်ထားတဲ့အသားရောင်ဝက်ဝံရုပ်လေးကိုတစ်ချက်ကြည့်လိုက်ပြီး ဒီအရုပ်လေးကိုသာ Taeyong လက်ခံခဲ့မယ်ဆိုရင်ကျေနပ်ပြီဆိုတဲ့အတွေးကကျနော့်ကိုစိတ်ပူစေသလိုပျော်လည်းပျော်ခဲ့တယ်။ မနက်လေအေးကကျနော့်မျက်နှာကိုလာရိုက်ခတ်နေလို့ပိုအေးနေသလိုလိုထင်ရတယ်။ အမှန်တော့ ကျနော်ဟာအအေးမခံနိုင်တဲ့သူမဟူတ်တာကြောင့်မနက်တိုင်းကျောင်းသွားရင်တောင်အပေါ်ရုံအကျိၤဝတ်ဖို့မလို။ ဒီနေ့မှာရင်တွေခုန်ပြီး တကိုယ်လုံးအေးစက်နေသလိုခံစားနေရတယ်။

လေအေးနဲ့အတူမနက်၆နာရီကျော်မို့လို့ မဖွင့်တဖွင့်ဆိုင်တချို့ကိုတရိပ်ရိပ်နဲ့ဖြတ်လျှောက်လာခဲ့တယ်။

Close ဆိုတဲ့ဆိုင်းဘုတ်သေးလေးကို မှန်သားနဲ့လုပ်ထားတဲ့ဆိုင်ရှေ့တံခါးမှာချိတ်ထားတဲ့ ကျနော်အချိန်ပိုင်းအလုပ်လုပ်နေကျဆိုင်လေးကိုတစ်ဖက်ကမ်းကနေလှမ်းမြင်လိုက်တယ်။ အစိမ်းနဲ့အဝါအစင်းကြားအမိုးလေးကိုဆိုင်ရှေ့ထုတ်မိုးထားတဲ့ Sense Pizza ဆိုင်ဟာတိတ်ဆိတ်နေလေရဲ့။ အဲ့Pizza ဆိုင်မှာ ညနေဆိုင်း အနေနဲ့အချိန်ပိုင်းအလုပ်ဝင်လုပ်တာ ၅လလောက်ရှိပြီ။

စင်ကာပူမှာ တရုတ်စကားကိုအဓိကထားပြီးပြောဆိုကြတာမို့လို့ကျနော့်လို တရုတ်စကားနည်းနည်းပဲတတ်တဲ့သူအတွက်တော့ waiter လုပ်ရတာအခက်အခဲလေးတော့ရှိတယ်။ ဒါပေမယ့် ဆိုင်အတွင်းသုံးနေကျတရုတ်စကားနဲ့ ဧည့်သည်တွေပြောတတ်တဲ့တရုတ်စကားတွေကိုရေရေလည်လည်နားလည်အောင်ကျက်မှတ်ထားလို့အခုလို၅လလောက်ကြာလာတော့အတော်လေးကိုအဆင်ပြေလာတယ်။

အမှန်ဆို ဂျပန်မှာ ကျောင်းနေတုန်းကပညာရေးအခြေအနေအသင့်တင့်ပဲရှိတဲ့ကျနော့်လိုကျောင်းသားဟာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာလည်း အဖေအမေ မျှော်မှန်းထားသလိုဖြစ်မလာခဲ့တာမထုးဆန်း။ ဒါ့ကြောင့်လည်းမွေးရပ်မြေ ဂျပန်ကနေ စင်ကာပူကိုကျောင်းတက်ဖို့ကိစ္စနဲ့လွင့်လာခဲ့တာ။ စင်ကာပူ ဆိုတာကျနော့်အတွက်တော့ကျောင်းတက်ပြီးစာကြိုးစားရမယ့်နေရာချည်းသင်သက်။ ကျောင်းစရိတ်အတွက် အဖေ အမေကဂျပန်ကနေထောက်ပံ့တဲ့အပြင် စားဝတ်နေရေးစရိတ်ပါအပိုသက်သက်ထပ်ပေးသေးတယ်။ အချိန်ပိုင်းအလုပ်လုပ်ဖို့ဆိုတာလုံးဝစိတ်ကူးမရှိခဲ့သလို လုပ်ဖို့လည်းမလိုခဲ့ဘူးလေ။

Fan Boy Is Just A Fan Boy Where stories live. Discover now