Fan Boy is Just A Fan Boy Ch-10

952 139 7
                                    

Unicode (Zawgyi below)

Jaehyun's POV

"ဒေါက် ဒေါက်"

အကြီးအကဲကဆင့်ခေါ်တယ်ဆိုလို့ကျနော်သူ့အခန်းကိုသွားလိုက်တယ်

"ဝင်ခဲ့"

"nae"

"ထိုင်ဦး"

"ကျနော့်ကိုဘာကိစ္စနဲ့ခေါ်တာလဲမသိဘူး"

"ကြီးကြီးကျယ်ကျယ်တော့မဟုတ်ပါဘူး။ အခု NCT 127 က Comeback ရှိတယ် အဲ့တော့ မင်းအတွက်နည်းနည်းတော့အလုပ်များသွားမယ် 127 ရော Dream ရောရဲ့ manager လုပ်ပေးပါ U အပါအဝင်ပေါ့"

အနောက်ကလူတစ်ယောက်ကျောကိုအားနဲ့ရိုက်ချလိုက်သလိုကျင်တက်သွားတယ်

ကျနော်ကလေ?

ကျနော်က NCT dream တောင်မဟုတ်တော့ဘဲ NCT all unit ရဲ့ manager??,,

သေလို့ရပြီ omma ရယ်

"nae nae အလုပ်မများပါဘူး ကျနော်ကြိုးစားပါ့မယ်"

"nae gomawo"

ရပြီ

ဒီနေ့ငါလေးကောင်းကင်ပေါ်ပျံတက်လို့ရပြီ😭😭😭😭

************

နောက်ဆုံးတော့

MV ထွက်တဲ့နေ့ကိုရောက်လာပါတော့သည်....

laptop တစ်လုံးနဲ့ထိုင် stream နေတာမြင်မကောင်းဘူး။ အိမ်မှာလည်းမဟုတ်ဘဲ SM Building မှာ ။တစ်ယောက်ယောက်သာတွေ့သွားရင်တော့ သင်္ကာမကင်းတွေဖြစ်တော့မှာ။

Comeback stage နေ့တွေဆိုရင်ကျနော့်ရင်တွေအရမ်းပူရတာသူတို့မသိဘူး

Mnet Building ရှေ့သို့

ရောက်ပါပြီ...

ရောက်ပါပြီ... ရှေ့ကို

ကျနော်ကအရင်ကားပေါ်ကအမြန်ခုန်ဆင်းလိုက်တယ်

အမလေးးးး ကားပေါ်ကဆင်းလိုက်တာနဲ့အလိုအလျောက်အားတွေချက်ချင်းပြည့်သွားတယ်

Fan တွေကအသည်းအသန်ဖြစ်နေတော့ကျနော်လည်းလိုက်ပြီးအသည်းအသန်ဖြစ်ရတော့မယ်လေ

Taeyong နားကနေကိုသေသေချာလိုက်ကွယ်ပေးလိုက်တယ် အဲ့လောက်ကွယ်ပေးနေတဲ့ကြားထဲကနေကို Fan girl တစ်ယောက်ကအတင်းတိုးလာလို့ Taeyong ရဲ့လက်တစ်ဖက်ကိုကျနော်ဆွဲကိုင်လိုက်ပြီး ကျနော့်ကိုယ်နဲ့အနီးကပ်ကာထားရင်း ကျန်တဲ့ member တွေကိုတောင်ဂရုမစိုက်ဘဲ အရှေ့ကိုအမြန်ဆွဲခေါ်သွားလိုက်တယ်

Fan Boy Is Just A Fan Boy Where stories live. Discover now