Sweet 2

3.9K 389 23
                                    

"Lu Taro သောက်မယ်မှတ်လား"

"ဟင့်အင်း Americano"

"မရဘူး မသောက်ရဘူး"

"Hunnie!!!"

နေ့တိုင်းနီးပါးထိုင်နေကြဆိုင်လေးမှာ နေ့တိုင်းနီးပါးငြင်းခုန်တတ်တဲ့နှစ်ယောက်
Bubble tea သရဲ Sehun က Luhan ကိုပါစွယ်ကာ သူကြိုက်သော bubble tea သောက်ခိုင်းတတ်သလို Americano မှကြိုက်ပါသည်ဆိုသော Luhan ကလဲ နောက်ဆုံးတော့ သူ့ Hunnie စကားအတိုင်းလိုက်သောက်ရတာပဲအတူတူကို အမြဲဂလန်ဂဆန်လုပ်တတ်သည်

သူတို့နှစ်ယောက်ကိုကြည့်ရင် Luhan က မဟုတ်ကဟုတ်က လုပ်တဲ့အချိန်ဆိုဦးစီးဦးဆောင်လူကြီး ဟို Oh Se ကအဲ့ချိန်ကျ လုံးဝဥသုန် ဖြူစင်သူကလေးလေး Luhan လက်ရဲဇက်ရဲရှိသလောက် Sehun ကဒါမျိုးဆိုသူချည်းခံရတဲ့လူ သူကိုယ်တိုင်ကလဲကျေကျေနပ်နပ်ကြီး Luhan လုပ်သမျှခံတာပါလေ ပြီးမှစိတ်ကောက်တာကလွဲလို့ပေါ့

အဲ ကျန်တဲ့အချိန်တွေ ဥပမာ စာလုပ်တဲ့အချိန် အားကစားလုပ်တဲ့အချိန် အခုလိုမုန့်စားလျှောက်သွားကြတဲ့အချိန်ကျ Oh Sehun ကဆရာကြီး စာဆိုစိတ်ကိုမဝင်စားတဲ့ Luhan နဲ့ Chen က Sehun ကြောင့်သာ စာမေးပွဲတိုင်းအောင်နေတတ်တာ အားကစားလဲဘာထူး Oh Sehun သာသူတို့နည်းပြ သွားမယ်စားမယ်ဆိုလဲ Oh Sehun ကဦးဆောင်ပြီး ဒီတော့မသွားနဲ့ ဒါတော့မစားနဲ့ဆိုပြီးအမြဲပြောတတ်တဲ့လူ တကယ့်ကိုတယောက်တမျိုးဆိုပေမယ့်လိုက်ဖက်ညီတဲ့နှစ်ယောက်ပါလေ

"Taro ပဲသောက်နော် Luလုပ်လို့ ကျွန်တော့်နှုတ်ခမ်းပေါက်ထားတာ ဒီတော့အခုကျွန်တော့်စကားနားထောင်လိုက်"

"ဟွန်းး"

"ဘာလဲ"

"Hun ကိုခေါ်တာမဟုတ်ဘူး"

"သိဘူးလေ ဟွန်းး ဆိုတော့"

"ထားပါတော့ ဒီတခါတော့ Hun စကားနားထောင်လိုက်ပါမယ် Taro ပဲသောက်တာပေါ့"

အမလေး အပိုတွေ တခါမဟုတ်ဘူးနေ့တိုင်းနားထောင်နေရတာကိုများ

"Chen ရေ Taro တဘူး Choco တဘူး"

အငမ်းလွန်နေတဲ့ Chen တယောက် ဘေးချင်းကပ်ရပ်ဝိုင်းက Luhan ခိုင်းသံကြားမှ

"ငါက waiter လား မင်းသွားမှာပါလား"

"ငါနဲ့ Hunnie စကားပြောနေတယ်လေ"

SweetWhere stories live. Discover now