Sweet Valentine

2.6K 301 10
                                    

"Happy Valentine Day"

phone မှထမြည်လာတဲ့ ringtone သံချိုချိုလေးကြောင့် အမြဲကျောင်းနောက်ကျမှသွားနေကြ Sehun တယောက်စောစောစီးစီးနိုးထလာသည် ယနေ့သူစောစောသွားမှဖြစ်မယ်လေ

"ငါဘယ်လိုတောင်ချောတာလား"

ပုံမှန်ဝတ်နေကျကျောင်း uniform လေးကိုယခင်နေ့တွေထက် သပ်သပ်ရပ်ရပ်ဖြစ်အောင်ဝတ်ထားရင်း ခပ်တိုတိုလေးရှေ့ကျနေတဲ့ဆံပင်လေးတွေကို Gel နဲ့ကော့နေအောင်လှန်တင်ကာ မှန်ထဲမှသူ့ကိုယ့်ကိုကြည့်ကာ ချီးမွမ်းခန်းဖွင့်နေခြင်း

"အဟမ်း ဒီနေ့တော့ ကျွန်တော့်နေ့ပေါ့ Xiao Lu ရယ်"

အမြဲသူချည်း ခံနေရတာကို ဒီနေ့အတိုးနဲ့လက်စားချေပစ်မည်ဟူသော အတွေးနှင့် Sehun တယောက် အိမ်မှာကြိမ်းဝါးပြီး သူကြိုစီစဉ်ထားသည့်အတိုင်းကွက်တိဖြစ်အောင် ကျောင်းကိုစောစောလေးထွက်ခဲ့လိုက်တယ် ကျောပိုးအိတ်ထဲမှာလဲ စာအုပ်တွေအစားပစ္စည်းတွေအပြည့်နဲ့ပေါ့

"Wow ဒီနေ့မှ Sehunnie ပိုချောနေတယ်နော်"

"ဟယ်နင်ကလဲ ဒီနေ့ V Day လေ သူ့ Luhan လေးအတွက် Surprise တခုခုရှိလို့နေမှာပေါ့"

"အေးဟုတ်သားပဲ ဒီနေ့ဘာတွေထပ်ထူးခြားမလဲမသိဘူး ငါတို့စောင့်ကြည့်ရမယ်"

ထိုသို့ ထိုသို့ fan girl မမများ၏တရစက်တွတ်ထိုးသံတွေကို Sehun တယောက် ကျေကျေနပ်နပ်ကြီးနားထောင်နေမိတယ် စိတ်ထဲကလဲ ဒီနေ့ Oh Sehun က ဦးစီးဦးဆောင်ဗျို့ ဟုလဲကြွေးကြော်နေမိပါရဲ့

တဖြေးဖြေးအချိန်တွေကုန်လာပေမယ့် သူ့ချစ်သူ Luhan ကပေါ်မလာသေးတာကြောင့် ထုံးစံအတိုင်းမူမပျက် ကလေးဆန်စွာ Sehun နှုတ်ခမ်းဆူလာတယ်

"Lu ကဒီနေ့မှဘာလို့ကျောင်းနောက်ကျနေရတာလဲ"

အတွေးမဆုံးသေးဘူး ရောက်လာပါပြီ Xiao Luhan တို့အမောတကောနဲ့

"ဟောဟဲ ရောက်နေတာကြာပြီလား Hunnie ဟူးး မောလိုက်တာ"

"ဘယ်လိုဖြစ်လာရတာလဲ ဒီနေ့မှဘာလို့နောက်ကျတာလဲ"

"ဟာာ Chen ပေါ့ သူ့ပေါက်စီဆီခနဝင်မယ်ဆိုပြီးလေရှည်နေတာမပြီးနိုင်လို့"

SweetWhere stories live. Discover now