Sweet 5

2.4K 272 8
                                    

Chen တယောက် ပေါက်စီကိုဖွင့်မပြောခင်မနက်က

"Chen chen breakfast breakfast"

အရင်နေ့တွေကဆို သူငယ်ချင်းနှစ်ယောက်လမ်းလျှောက်ပြီးကျောင်းအတူသွားတတ်နေကြပေမယ့် ဒီနေ့မှ Luhan ဆိုသော သတ္တဝါလေးက စက်ဘီးပတ်စီးရင်းသွားချင်သပါ့ဆို၍ အမောင် Chen တယောက် အနောက်ကနေတစက်ကလေးမှ ပါးစပ်ရောလူရောအငြိမ်မနေတဲ့ဟာလေးကို အမောစို့အောင်တင်နင်းလာရတယ်

"အင်း သူငယ်ချင်းလေး breakfast ဘာစားမလဲ"

တကယ်တမ်းသွားရင် နီးနီးလေးကို ဟိုဘက်လေးပတ်နင်းပေးပါ ဟိုနားလေးမှာစက်ဘီးစီးချင်တာဟူ၍ Luhan တမင်နှိပ်စက်နေမှန်းသိသော်လည်း ဒီနေ့သူကူညီမှအောင်မြင်မယ့်ကိစ္စကရှိနေတော့ Chen သည်းညည်းခံရင်း ပြောသမျှစိတ်ရှည်ပေးနေတယ်

မနက်စာလဲမစားခဲ့ကြဘဲအစောကြီးတမင် Luhan ထွက်လာခိုင်းတာကြောင့် ယခုတော့ကျေးဇူးရှင်လေးက မနက်စာပါပူဆာပြန်ပြီလေ

"ဟိုးးနားကလေ burger ဆိုင်လေးတွေ့လား Chen"

တော်တော်လှမ်းလှမ်းကဆိုင်လေးကိုလက်ညှိုးထိုးပြောနေတာကြောင့် မေးမနေတော့ဘဲ ထိုဆိုင်လေးဆီသာတန်းနင်းသွားတော့တယ်

"အင်း ဒီဆိုင်ဟုတ်"

စက်ဘီးလေးခနရပ်ရင်းအမောဖြေမယ်ကြံခါရှိသေး

"ငါ ဒီမှာမုန့်ဝယ်ရင်းစောင့်နေမယ် မင်းဟိုဘက်လမ်းထဲက Ice Americano တဘူးသွားဝယ်ပေး"

မနားရတော့ဘူးဟူသောအတွေးနဲ့စိတ်တိုချင်လာသော်လည်း

"အေး Luhan လေး ရော့ပိုက်ဆံယူထားလိုက် ငါဟိုဘက်အမြန်နင်းသွားလိုက်မယ်"

"ဟုတ်ဖူးလေ Chen chen ရဲ့ မင်းခြေကျင်သွားရမှာ"

"wae?"

"ဟိုမှာငါ့ Hunnie လာနေပြီ စက်ဘီးက Hunnie နဲ့ငါစီးသွားမယ် မင်းကဆိုင်ကိုလမ်းလျှောက်သွားလိုက်တော့"

Luhan စကားမဆုံးသေး Sehun တယောက်အပြေးရောက်လာတယ် ရုပ်ကလဲရီကျဲကျဲနဲ့

"ဟာ Chen hyung မုန့်ဝယ်ကျွေးနေတာလား အာ့ဆိုကျွန်တော့်လဲတခုနော် နော် Arjuma burger 2ခုဖြစ်သွားပြီနော်"

SweetWhere stories live. Discover now