Sweet 14

1.7K 173 27
                                    

ထုံးစံအတိုင်း Luhan တယောက် သူ့ချစ်ချစ် Hunnie ကျောင်းသို့ရောက်လာချိန် အခန်းထဲက မြင်ကွင်းကြောင့် မျက်ဝန်းဝိုင်းဝိုင်းတို့က ပိုပြူးကျယ်ကာ နူးညံ့နေကျ အကြည့်တွေကနေ မျက်မှောင်ကြုံ့မိကာ စူးစူးရဲရဲစိုက်ကြည့်မိသည်

သူဒီလောက် နေ့တိုင်းနီးပါး Hunnie ကျောင်းကိုလိုက်လိုက်လာနေတာတောင် အဲ့ Hunnie ကဘာလို့ Senior noona တွေနဲ့ရင်းနှီးသွားရတာလဲ?

အဲ့ noona တွေကရော ဘာကြောင့် Hunnie အခန်းထဲထိရောက်ပြီး Luhan Hunnie ကို ပခုံးလေးပုတ်လိုက် လက်မောင်းလေးရိုက်လိုက်နှင့်စကားဖောင်ဖွဲ့နေရတာလဲ?

အဲ့ Hunnie ဆိုတာလဲ Fresher Welcome တုန်းက The Whole King ဂုဏ်ပုဒ်ရပြီးထဲက နဂိုထက်ပိုပဲများလာတာ အရင်ဖြောင့်ဖြောင်းစင်းစင်းသူ့ဆံပင်နက်နက်တို့ကိုတောင် ကောက်ဖွလိုက်သည်အထိ။

အရင်လဲ Hunnie က smart ကျကျဝတ်နေတာပဲဆိုပေမယ့် အခုတော့သူက အရောင်ဖျော့ဖျော့လှလှလေးတွေကိုရွေးဝတ်လာပြန်သည် မသင်္ကာလို့မေးကြည့်ပြန်ရင်လဲ "Lu ကလဲ ကျွန်တော်ပိုကြည့်မကောင်းသွားဘူးလား Lu မျက်လုံးထဲ ပိုကြည့်ကောင်းနေအောင် ကျွန်တော်ကပြင်ဆင်ရတာ" ဟုပြောတတ်ပြန်သေးသည်။

ဒီလူကို ချစ်လွန်းလို့သူ့အလိုလိုက်လွှတ်ထားပေးတာကို သူကအခုကြည့်စမ်း Xiao Lu ကိုသွေးလာစမ်းနေတာ။

"Hunnie!!"

ခြေဆောင့်ပြီးသူ့အခန်းထဲဝင်သွားတော့ ဘေးက Noona က မျက်နှာရှစ်ခေါက်ချိုးနဲ့ နှာခေါင်းရှုံ့တယ်
Hunnie ကတော့မထူးဆန်းတော့သလို လာလေ Lu တဲ့
အော် ဒင်းက သူလုပ်နေတာတွေကိုမှန်တယ်ထင်နေတာပေါ့
Lu ရှေ့မှာသူစိမ်းမိန်းကလေးနဲ့ရယ်မောနေပြီး ဘာမှမဖြစ်သလိုနေတတ်နေတာ Oh Sehun တို့ပြောင်းလဲလာတာကြည့်စမ်း

ခပ်တည်တည်နဲ့ Luhan ထိုင်နေတဲ့ Hunnie ပေါင်ပေါ်စွေ့ကနဲတတ်ထိုင်လိုက်တော့ ဟို Noona အကြီးအကျယ်မျက်နှာပျက်ပြီး

"Sehun လေး ဒါဆို noona သွားပြီ noona ပြောထားတဲ့ကိစ္စစဉ်းစားပေးထားနော်"

"ဟုတ်ကဲ့ noona"

သူ့ပေါင်ပေါ်အကျအနထိုင်နေတဲ့ Luhan ကိုတချက်တောင်မကြည့်ဘဲ ဟို noona ကိုနှုတ်ဆက်နေတာမပြီး

SweetWhere stories live. Discover now