Sweet 10

2K 248 10
                                    

"Hello Chen ငါ့ကလေးအခုမင်းတို့ဆိုင်မှာလား"

"အေးဟုတ်တယ် ရောက်ထဲကစူပုတ်နေတာပဲ ဘာဖြစ်လဲမေးလဲမပြောဘူး မင်းဘာလုပ်လိုက်ပြန်ပြီလဲ"

"ကလေးက စွတ်သဝန်တိုနေတာကွ ငါပြောပြမယ်~~"

Luhan သူ့အား Sehunnie မည်သည့်အတွက် မည့်သို့မည်ပုံစိတ်ဆိုးသွားပုံကို Chen chen အားအစအဆုံးပြောပြလေသည်

ယနေ့မနက်

ကျောင်းတွေပိတ်ထားသည့်အချိန်ဖြစ်တာကြောင့် အမြဲတပူးပူးတတွဲတွဲ ကော်ကပ်သလိုကပ်နေတဲ့ Hunhan အရင်လိုအချိန်ပြည့်မတွေ့ရတာကြောင့် အကသင်တန်းတတ်သည်ဟုအကြောင်းပြကာ သူတို့တွေ့ကြရသည်
တကယ်လဲနှစ်ယောက်စလုံးဝါသနာပါတာ အကပဲရှိပြန်တာကို

သူတို့တတ်သောသင်တန်းကျောင်းက တချို့သော entertainment များမှ trainee တွေကိုမွေးထုတ်ပေးသည်ဟုနာမည်လဲကြီးတော့ အရွယ်စုံလူငယ်လူရွယ်များ လာရောက်တတ်ကြသည် မိန်းကလေး ယောကျာ်းလေးလူအစုံ စရိုက်အစုံ
Hunhan ရဲ့ အကဆရာက ယောကျာ်းလေးနည်းပြ Lee Taemin ဆိုသော်ငြား ထို idol မကျတကျ Taemin ကနေ့တိုင်းမပြနိုင် သူမလာသောနေ့များတွင် Senior မမ Yoona ကအစားသင်ပေးသည် ပြသနာကအဲ့ကစသည်

"Taemin ဒီနေ့မအားလို့ noona အစားဝင်မယ်"

အကျိုးအကြောင်းပြောပြီးသည်နှင့် အကတန်းသင်တော့

"music off ခနလေး Luhan အဲ့လိုမဟုတ်ဘူးလေ ခန္ဓာကိုယ်ကိုလျော့ထား တောင့်မထားနဲ့"

ပါးစပ်ကလဲပြောသလိုထိုမမက လက်နဲ့ Luhan ခန္ဓာကိုယ်ကို အဲလေ ခြေတွေလက်တွေ ကိုပုံစံမှန်အောင်ပြင်ပေးသည်

ပထမတကြိမ်တော့ Sehun ဘာမှမပြောကြည့်နေသည် စိတ်ထဲသိပ်တော့ဘဝင်မကျ

နောက်တကြိမ်ထပ်ရပ်သည်

"Luhan မမပြောတာဒီလိုလေ ခါးလေးကိုဒီလိုထား"

ခါးကို Lu ရဲ့ ခါးကို ထိုမမ ကိုင်နေသည် Sehun ဒေါသနဲနဲထွက်လာပြီ
ဒီအတန်းမှာလူအများကြီးပါ Lu တယောက်ထဲပြင်ပေးနေရအောင် Lu ကညံ့တဲ့အထဲမပါပါဘူး သူလုပ်တာမှန်နေတာပဲကို သို့သော် Senior မမ မို့ Sehun နောက်တကြိမ်သည်းခံလိုက်ပြန်သည်

SweetWhere stories live. Discover now