Sweet 9

2K 256 17
                                    

ဒီည Sehunnie ရဲ့ 18 နှစ်ပြည့်မွေးနေ့ဖြစ်တာကြောင့် မိဘများက သူတို့သားငယ်လေးအလိုကျ အိမ်တွင် Birthday party ကျင်းပပေးကြတယ်

Birthday party ဆိုလို့လဲလူများများစားစားနှင့်မဟုတ် Hunnie အချစ်တော် Xiao Lu နဲ့ Xiuchen စုံတွဲသာဖိတ်ကြားထားခြင်း
ယနေ့ညသူ့အသက် ၁၈ နှစ်ပြည့်ကို လူကြီးဖြစ်ပြီဟု သူ့ဟာသူသတ်မှတ်ကာ သောက်စရာတွေပါ စီစဉ်ခိုင်းလေရဲ့ Hunnie မိဘတွေလဲ ဘယ်ပြောနိုင်မလဲ သူတို့သားငယ်ကို အထွေးဆုံးလေးမို့အလိုလိုက်ချစ်ပေးနေကြတဲ့လူတွေလေ

"Hyung hyung wine နော် စပျစ်ဝိုင်ပဲသိလား မက်မန်းဝိုင်တွေ ပန်းသီးဝိုင်တွေက ပေါ့ရွှတ်ရွှတ်နဲ့မကောင်းဘူး"

ဧည့်သည် သုံးယောက်မလာခင် Sehunnie တယောက်ပျာယာခက်နေလေရဲ့ သူ့အကိုကစိတ်ရှည်လို့သာပေါ့ မဟုတ်ရင်အဲ့လောက်သောက်ဖို့စားဖို့လှိုင်လှိုင်တတ်နေတဲ့ညီကို နပန်ကျင်းပြီးပြီ

"အေးပါ Sehunnie ရယ် hyung သိပါတယ် ဒါနဲ့နေပါဦး ငါ့ညီက ဟိုဟာကပေါ့တယ် ဒီဟာကကောင်းတယ်သိရအောင် ဘယ်တုန်းကခိုးသောက်ထားဖူးလဲ ဖြေစမ်း"

ရုပ်တည်ကြီးနဲ့သူ့အကိုမေးမှ သွားအဖြဲသွားရီပြပြီး

"ဘယ်လိုလုပ်သောက်ဖူးမှာလဲ သူများပြောလို့ကြားဖူးတာကို"

နှုတ်ခမ်းလေးထော်ကာ ချစ်ဖို့ကောင်းအောင်စကားပြောနေသော ညီဖြစ်သူကို ဘယ်အကိုကစိတ်ဆိုးနိုင်ပါ့မလဲ Sehunnie ကချစ်မွှေးကိုပါတာပါလေ

"ဘယ်သူပြောတာလဲအဲဒါဆို"

"ဟီး အာ့ Lu ပြောတာ ဟားဟား"

ခနခန Hunnie ဆီက Lu ဆိုသောနာမည်လေးကြားနေရတော့ Sehun အကို ထို Lu ဆိုသောကောင်လေးကို မြင်ဖူးချင်နေတာအမှန် သို့သော်ကြားလိုက်ရသမျှ Lu ဆိုသောကောင်လေးသည် မဟုတ်တာအကုန်သိသော တတ်သော တဖက်ကမ်းခက်အောင်ကျွမ်းကျင်သော ချာတိတ်လေးပါပေ

"တ Lu ထဲ Lu နေပြီးမဟုတ်တာတွေတတ်မနေနဲ့နော် Sehunnie"

အမယ် ထိုသို့ကြိမ်းတော့ မျက်နှာတခုလုံးရဲတတ်လာပြီး မချိုမချဉ်နှင့်ခေါင်းငုံ့သွားတာ ဘာဖြစ်ရပါလိမ့်

"အဲ့ရုပ်ကဘာဖြစ်သွားတာတုန်း ပြောစမ်း Hunnie မဟုတ်တာဘာလုပ်ထားလဲ"

SweetWhere stories live. Discover now