No Honey!Love Candy

1.7K 156 46
                                    

Luhan သူဒီတစ်ရက် နှစ်ရက်အတွင်း စိတ်တွေအတော်လေးပင်နေသည်။ရင်ထဲတခုခုတစ်ဆို့နေသလို အောင့်သက်သက်။အသက်ရှုမဝ၍လားဆိုပြီး ဝင်လေ ထွက်လေပုံမှန်ဖြစ်အောင် ရှုသွင်း ရှုထုတ်လုပ်နေသော်ငြားမသက်သာ။ထစ်ကနဲရှိ မျက်ရည်ကကျချင်လာသည် အိမ်မှာ ခေါက်ဆွဲဘူးကုန်သွားသည့်အခါမျိုး အကသင်ရင်း trainer ဆီကအဆူခံရသည့်အခါမျိုးတွေမှာ။ပုံမှန်ဆို အခုလိုဖြစ်ရင် Hunnie ဆီသွားပြီး အတင်းအတန်းလစ်ခိုင်းကာ မုန့်ဝယ်ကျွေးခိုင်းမည် သူ့ကိုဆူပူသည့်ဆရာ့ကို ဘယ်လိုမကျေနပ်ကြောင်းတွေ အော်ကြီးဟစ်ကျယ်ရှင်းပြမည်။သူလေယူလေသိမ်း မျက်နှာအမူအရာမျိုးစုံနှင့် သရုပ်ဖော်ပြောပြသမျှကို Hunnie က မျက်လုံးတွေပိတ် သွားစွယ်လေးတွေပေါ်တဲ့အထိရီနေသည်ကို သူက ချစ်စိတ်တဖွားဖွားနှင့် မျက်တောင်မခက်တမ်းကြည့်မည်။ဘယ်လောက်တောင် သူတို့ကြည်နူးခဲ့တာလဲ?

လွန်ခဲ့တဲ့ သုံးရက်က Sehun ပြောခဲ့သော စကားအတိုင်းသူလေးလေးနက်နက် ကျောင်းပင်မသွားဘဲစဉ်းစားနေခဲ့ခြင်း။အထက်တန်း နောက်ဆုံးနှစ်မှာ ကျောင်းသားသစ် Sehun ကိုတွေ့တွေ့ချင်း သူ့ရင်တွေ ထိန်းမနိုင် သိမ်းမနိုင်တဒိတ်ဒိတ်ခုန်နေခဲ့တာ။စိတ်ထဲရှိလျှင် ရှိနေသည်ကို ထိန်းချုပ်မထားတတ် ဘွင်းဘွင်းရှင်းရှင်းသမားမို့ Oh Sehun ကို ဝိုင်းသဘောကျမယ့် မိန်းကလေးများကို ကြိုတားသည့်အနေနဲ့ Oh Sehun မှာရည်းစားရှိတယ် အဲ့ဒီရည်းစားဟာ Xiao Luhan လို့ သူပဲတရားဝင်ကြေငြာမောင်းထုခဲ့တာ။

အထက်တန်းကျောင်းသား ဆယ်ကျော်သက်တွေမို့ သိပ်များများစားစားမတွေးဖြစ်ခဲ့ ရင်ခုန်တယ် ချစ်တယ်။ပိုတိုးလို့ ပိုင်ဆိုင်ချင်တယ်။အနားရောက်လာပြန်တော့ တပ်မက်တယ် သဝန်တိုတယ်။အချိန်ကြာလာတော့ လက်မလွှတ်နိုင်ဘဲ အမြဲအတူပဲရှိချင်လာပြန်တယ်။အရင်ကတော့ တားဆီးမယ့် ကန့်ကွက်မယ့်သူမရှိတဲ့ လွတ်လွတ်လပ်လပ်ပတ်ဝန်းကျင်မို့ သူတို့ဘာမှမပူပင်ခဲ့ရ။အခု အရွယ်တွေလဲရသင့်သလောက်ရလာပြီ ပိုဆိုးတာက Sehunnnie က ဆေးကျောင်းသား ကျောင်းပြီးတာနဲ့ပညာတတ်ဆရာဝန်ကြီးဖြစ်တော့မှာ။ကြီးကျယ်မြင့်မြတ်လာမယ့် သူ့အသိုင်းအဝိုင်းမှာ သူဟာ ယောကျာ်းချင်းတွဲနေသူပါဆိုပြီး သူဝန်ခံရဲပါ့မလား?

SweetWhere stories live. Discover now