1

20.4K 1.2K 134
                                    

"ကျွန်တော် လာရှုပ်နေလို့ ခင်ဗျား အလုပ်ကောင်းကောင်းမလုပ်ရတော့ဘူးမလား 😔 Sorry 😥 အော်...Park Chanyeolက တကယ်အလိုက်မသိတာပဲ...😰😰 "

Emojiပေါင်းစုံနှင့် ထို စာတိုလေးက လေလှိုင်းကွန်ယက်မှတဆင့် Active nowဖြစ်နေသော Facebook Accလေးတခုဆီသို့ ရောက်သွားလေတယ်..

အချိန်က ည ၁၁နာရီ ...။
တကယ်ဆို သူနဲ့ကျွန်တော် Chattingထိုင်နေတာ ည ၈နာရီကတည်းက..😊

Park Chanyeolလေးခမျာ ရည်းစားရပီးကတည်းက
ညညဆို သူငယ်ချင်းတွေနဲ့ အလေမလိုက်တတ်တော့ဘူး ..Gameလဲညဥ့်နက်တဲ့အထိ မဆော့တော့ဘူး....ကျောင်းကပေးလိုက်တဲ့စာလေးဘာလေးဖတ်ပီးတာနဲ့ အရံသင့် Onlineပေါ်မှာ မီးလေးစိမ်းနေပီးသား။

အချိန်တိုင်းတော့ Onlineဖြစ်မနေပါဘူး ..ကျွန်တော့် ချစ်သူကြီးရှိလောက်မယ့်အချိန်ကို မှန်းပီး သုံးတတ်လာတာ..။

တဖက်လူ လိုင်းသုံးတဲ့ အချိန်ကို မင်းဘယ်လိုသိနေလဲ မမေးနဲ့...😌 ဒါကို ချစ်သူမရှိတဲ့ Singleတွေ နားလည်အောင် ရှင်းပြလို့ မရဘူး 😊
အဲ့လိုပဲ.....ကျွန်တော် လွမ်းနေလို့ လိုင်းပေါ်တက်လာရင် သူ့Accလေးဆီသွားတယ်..."❤"လေးပေးပီး "လွမ်းလိုက်တာ..😪 " ဆိုတဲ့ စာတိုလေးသွားပို့ပီး တစ်မိနစ်မခြားဘူး ...သူရောက်ရောက်လာတတ်တာ...😊
အဲ့လို ...ဘယ်လိုပြောပြရမလဲ...😅
Singleတွေ နားလည်အောင် ပြောပြရရင် 😌
ချစ်သူတွေဆိုတော့ နှလုံးသားချင်းနီးစပ်ရုံမက စိတ်ချင်းဆက်နေသလိုမျိုးပေါ့...သူလွမ်းနေတဲ့အချိန် ကိုယ်လဲလွမ်းနေတယ်...အဲ့လိုမျိုးပေါ့ 😊

နားလည်ရဲ့လား ??😌

နားလည်ရင် ဆက်ပြောမယ်..။
ခုနက ကျွန်တော်မေးတော့ သူကပြောတယ်...
Companyကအလုပ်တွေရှုပ်နေတယ်တဲ့ ..မင်းကိုလွမ်းလို့ လိုင်းပေါ်တက်လာတာတဲ့....လိုင်းသုံးရင်း အလုပ်လုပ်မယ်တဲ့လေ..😪

ဘာမှန်းလဲမသိဘူး...အလုပ်လုပ်ရင်း ကျွန်တော်နဲ့Chatနေတော့ မတော် သူလုပ်နေတဲ့စာရင်းတွေမှားကုန်မှာပေါ့လို့...😥
ကျွန်တော် သူစိတ်ရှုပ်အောင် မလုပ်ချင်ပါဘူး..😪

ဒါမယ့်..။

လုပ်လိုက်တယ်...။😁😁

မတတ်နိုင်ဘူးလေ....လွမ်းနေတာဗျ....အသံမကြားရရင်တောင် သူပို့နေတဲ့ စာလေးတွေတော့မြင်ချင်သေးတာ..😊 ဖုန်းမဆက်ပါဘူး သူအလုပ်ပျက်မှာစိုးလို့... Chattingပဲထိုင်မှာ...။
သူလဲ သူ့အလုပ်သူ လုပ်...ကျွန်တော်လဲ သူ့ဆီ messageတွေ ဆက်တိုက်ပို့....။
ဘယ်လိုပြောရမလဲ.....စိတ်ချမ်းသာစရာကြီး။😊

သတိ ✖ Singleများ မဖတ်ရ✖ (Completed✔ )Where stories live. Discover now