Final

4.9K 549 117
                                    

ဒီ​နေ့က ကျွန်​​တော့်​အတွက်​ ​ပြောပြလို့မကုန်​နိုင်​​အောင်​ ခံစားမှု​တွေ​ပေါင်းစုံ​နေတဲ့ ​နေ့ထူး​နေ့မြတ်​တခုပါ ...
နောက်​ဆုံး​တော့ Park Chanyeol ​လေး အိမ်​​ထောင်​သည်​ဖြစ်​​တော့မှာ​ပေါ့ :')

ခံစားချက်​ကဘယ်​လို​တောင်​​ကောင်း​နေလဲဆို​တော့ ကိုယ့်​အဖြစ်​ကို ​တွေး​တွေးပြီး ​ပျော်​လွန်းလို့ မျက်​ရည်​​တောင်​ ဝဲတယ်​ :')

ကံ​ကောင်းလိုက်​တဲ့Park Chanyeol​လေး😢
ယူရမယ့်​ ​ယောကျာ်းက ကမ္ဘာ​ပေါ်မှာ နှစ်​​ယောက်​မရှိနိုင်​တဲ့ အ​ကောင်းတကာ့အ​ကောင်းဆုံး ​ယောကျာ်း ❤

"အိမ်​​ထောင်​ဖက်​အဖြစ်​ ​ရွေးချယ်​ရန်​ သင့်​​တော်​​သော " ဆိုတဲ့ စံနှုန်းစံထား​တွေနဲ့ ပြည့်​မှီရုံမက ​အဆင့်​သာလွန်​​နေတဲ့ Superman လို ​​ယောကျာ်း ❤

ပစ္စည်းဥစ္စာချမ်းသာကြွယ်​ဝလွန်းလို့ မင်္ဂလာလက်​​ဆောင်ပြန်​ကမ်းတာ​တောင်​ ​ရွှေလက်​စွပ်​တ​ယောက်​တကွင်းစီ ပြန်​ကမ်း​ဖ်ို့စီစဉ်​​နေတဲ့ ​ယောကျာ်း ❤ 

ဘုရား​ပေးတဲ့ဆုလာဘ်​​တွေနဲ့ ပြည့်​စုံလွန်းတဲ့ Chanyeolရဲ့ ​ယောကျာ်း ❤ Wu Yifan 😢

ဒီမင်္ဂလာပွဲရဲ့ အ​ရေးပါဆုံးလူသား​လေးဖြစ်​တဲ့ ကျွန်​​တော်​တင်​ ​ပျော်​​နေတာလား ?😆 မဟုတ်​ပါဘူး....ကျွန်​​တော့်​​ဘေးမှာ ကျွန်​​တော့်​ကို ​အ​ဖော်​လုပ်​​ပေး​နေကြတဲ့ Sehunနဲ့Baekhyunတို့လည်း ​ပျော်​​နေကြပါ​သေးတယ်​😊

သူတို့ ဘာလို့ ​ပျော်​​နေရသလဲ ကျွန်​​တော်​ ​ကောင်း​ကောင်းသိတာ​ပေါ့ 😌
သူတို့တသက်​နဲ့တကိုယ်​ ဝတ်​ဖူးမှာမဟုတ်​တဲ့ စိန်​ပွင့်​​လေး​တွေစီထားတဲ့ သတို့သားအရံဝတ်​စုံကို သူတို့နှစ်​​ယောက်​လုံးကို ​ပေးဝတ်​ထားတာကိုး 😌

သူငယ်​ချင်း​ကောင်း​တော့ သူတို့လည်း ​ကောင်းစားရတာ​ပေါ့😌 Byun Baekhyunတို့များ ကျွန်​​တော်​ ဆင်​​ပေးထားတဲ့ စိန်​ပွင့်​​တွေနဲ့ ဒီ​နေ့မှ ကိုယ်​​ရောင်​ကိုယ်​ဝါ​တွေ​တောက်​ပ​နေတယ်​ ...တလက်​လက်​နဲ့ 😌 Oh Sehun ဆင်​​ပေးတာ ​စောင့်​​နေရင်​ မင်း ဒီတသက်​ ဒါမျိုး ဝတ်​ဖူးမှာ မဟုတ်​ဘူးကွ ....ဟားဟား😄

သတိ ✖ Singleများ မဖတ်ရ✖ (Completed✔ )Onde histórias criam vida. Descubra agora