14

7.9K 875 80
                                    

"Wu Yifan..ခင်ဗျား စကားကိုလွယ်လွယ်မပြောနဲ့!!!!"

"အထင်လွဲနေတာပါဆို Chanyeolရယ်..."

"ကျွန်တော့်မျက်စိနဲ့တပ်အပ်မြင်တာ အထင်လွဲတာဖြစ်မလား!!! ခင်ဗျား အဲ့မိန်းမနဲ့ ဘာတွေရှုပ်နေတာလဲ!!!!"

"မဟုတ်ပါဘူးဆို...ကိုယ်က ဘာရှုပ်ရမှာလဲ ကလေးရဲ့.."

"ရှုပ်တယ်လေ....နေ့ခင်းကြောင်တောင် ကျွန်တော်ရှိနေတာကိုတောင်မသိပဲနဲ့ Companyရှေ့မှာ ခင်ဗျားနဲ့ အဲ့မိန်းမနဲ့!!!!! တောက်!!"

"မဟုတ်ဘူးလို့ ငါပြောနေတယ် Park Chanyeol...မင်းစကားတွေလွန်မလာနဲ့!!"

တစထက်တစ ဖုန်းလိုင်းထဲက စကားသံတွေက မုန်တိုင်းထန်လာခဲ့..။

ခင်ဗျားဘာလို့ငြင်းနေတာလဲ Wu Yifan...ကျွန်တော် ဖြေရှင်းချက်လိုချင်လို့ ခင်ဗျားကိုမေးနေတာလေ..။ ကျွန်တော့်မျက်စိနဲ့တပ်အပ်မြင်လာရတာကို မယုံချင်သေးလို့ ခင်ဗျားကို သေချာရှင်းပြပေးဖို့ လမ်းဖွင့်ပေးနေတာလေဗျာ...။

ခင်ဗျားက ဘာအားကိုးနဲ့ ကျွန်တော့်ကိုစိတ်မရှည်နဲ့ ပြန်ခံငြင်းနေတာလဲ!!! တကယ်ဖြစ်နေတာမိုလို့လား!!!
Companyရှေ့မှာ ခင်ဗျားနဲ့အဲ့မိန်းမနဲ့ဖက်နေတာကို ကျွန်တော်က မြင်လာရတဲ့သူပါ....ဘာကိုငြင်းချင်နေသေးတာလဲ Wu Yifan!!!

မရဘူးနော်.....Wu Yifan...ကျွန်တော် မိန်းမကိစ္စနဲ့ပတ်သက်လာရင် လုံးဝသည်းမခံနိုင်ဘူး!!! ဒီကိစ္စ ခင်ဗျားသေချာဖြေရှင်းပေးရမယ်!!!

"ခင်ဗျားနဲ့ အဲ့မိန်းမက ဘာတွေလဲ!! ကျွန်တော့်နောက်ကွယ်မှာ ဖောက်ပြန်နေတာလားWu Yifan !!"

"မင်းစကားတွေလွန်လာပီ!! ငါ့သိက္ခာကိုမစော်ကားနဲ့ Park Chanyeol "

"စော်ကားနေတာမဟုတ်ဘူး...မြင်တဲ့အတိုင်းပြောပြနေတာ!!ခင်ဗျား အသစ်တွေ့နေတာမလား??"

"မင်းငါ့ကိုတော်တော်စော်ကားလွန်းနေပီ!!! အေး....မင်းဘာဖြစ်ချင်နေတာလဲ!! ပြော.....ပြတ်ချင်တာလား?...မင်းပြောလေ..."

ဘာ? ပြတ်ဖို့? Wu Yifanခင်ဗျား ကျွန်တော့်ကို ဒီစကားပြောတယ်? ကျွန်တော် ဒီလောက်ပြောထားရဲ့သားနဲ့ ပြတ်မယ့်စကားပြောနေတယ်????

သတိ ✖ Singleများ မဖတ်ရ✖ (Completed✔ )Waar verhalen tot leven komen. Ontdek het nu