Sequel: 7

5.6K 698 61
                                    

"Wu Yifan "

သူ့Companyကိုအသွား သူအလုပ်အပ်တဲ့အမကြီးတချို့နဲ့လုပ်ငန်းအကြောင်းပြောရင်း မနက်စာစားနေသည်မို့ ကျွန်တော်ဘေးနားမှာ ငြိမ်ငြိမ်လေးပဲဝင်ထိုင်နေလိုက်တယ်။

သူ့အလုပ်ကဆောက်လုပ်ရေးလုပ်ငန်းမို့ အဆောက်အဦးDesignများကိုထုတ်ပြရင်း တခုချင်းဆီရှင်းပြနေတာ...😊 အလုပ်လုပ်နေတဲ့ Wu Yifanရဲ့ပုံစံကအရမ်းကြည့်လို့ကောင်းတာပဲ😒
တည်ကြည်ပီးတော့ သန့်ပြန့်နေတာ😟 ၀တ္ထုတွေထဲမှာ ရေးနေကြ ပျိုတိုင်းကြိုက်တဲ့နှင်းဆီအိုးကြီးလို..😒 နှင်းဆီခိုင်ကြီးမဟုတ်ဘူး...ပန်းတွေဝေေ၀ဆာဆာပွင့်နေတဲ့ နှင်းဆီအိုးကြီး😒 တဖြုတ်ဖြုတ်နဲ့ ကြွေကျချင်စရာကြီး!!!😕

"မမတို့ကတော့ သဘောကျတယ်ကွယ် ..အဟင်းဟင်း.."

အလုပ်အပ်တဲ့အမကြီးနှစ်ယောက်ဆီက ထွက်လာတဲ့ နှာစီးနေတဲ့အသံညုတုတုတွေ။ ကျွန်တော်Wu Yifanကိုကြည့်နေရင်း သူတို့နှစ်ယောက်ကိုသတိထားကြည့်မိတော့ Wu Yifanပြနေတဲ့ပုံတွေကိုမကြည့်ပဲ Wu Yifanကို တဖျတ်ဖျတ်တောက်နေတဲ့မျက်လုံးရွဲကြီးတွေနဲ့ကြည့်နေကြတယ်။😬

အဲ့ဒါဘာဖြစ်နေကြတာလဲ!!!😬 သူများချစ်သူကို😒
အလုပ်ကိုလိုက်လာမိတာ သိပ်မှန်တာပဲ...ခါတိုင်းနေ့တွေလဲ ဒီလိုလူတွေလာတာပဲလားမသိဘူး😕

"Wu Yifan ....Ice Coffeeသွားမှာပေး..😒"

"ကိုယ်အလုပ်လုပ်နေတယ်လေ Chanyeol "

"........."

ကျွန်တော်ဆူပုတ်ပီးတော့ပဲ ငြိမ်နေလိုက်တယ်။😒
ဘာစကားမှဝင်မပြောတော့ပဲ ရှေ့မှာချထားတဲ့ကိတ်မုန့်တွေပဲထိုင်စားနေလိုက်တယ်။
အသာနေစမ်းပါ...ဒါ ကျွန်တော့်ရဲ့တိုက်ကွက်တခု။ 😌 အမြဲလိုလိုပေါက်ပေါက်ဖောက်ပီးစကားပြောနေတတ်တဲ့ကျွန်တော် အခုလိုတိတ်ဆိတ်သွားရင် Wu Yifanကဘယ်လိုမှမနေနိုင်ဘူး 😌 စောင့်ကြည့်ပါ...တခုခုတော့ထူးခြားလာမှာ😌

ကျွန်တော်မုန့်ပဲသည်းကြီးမည်းကြီးစားနေတုန်း နားထဲမှာ Wu Yifanရဲ့မသိမသာသက်ပြင်းချသံတွေကြားနေရတယ်။ 😌ကျွန်တော်တို့နဲ့မျက်နှာချင်းဆိုင်က အမကြီးတွေကတော့အခုထိ တပြုံးပြုံးနဲ့ Wu Yifanကိုရှုစားနေကြတယ်😒 ရုပ်တွေကဖြင့် အိုသေတော့မယ်😒

သတိ ✖ Singleများ မဖတ်ရ✖ (Completed✔ )Where stories live. Discover now