Sequel: 2

6.4K 749 59
                                    

ဒီနေ့တော့ ထူးထူးခြားခြားလေးဖြစ်အောင် 😌
Wu Yifanနဲ့ ကျွန်တော်နဲ့ ဘယ်လိုစတွေ့ပီး ချစ်သူတွေဖြစ်သွားကြတယ်ဆိုတာကို ပြောပြပေးရမလား😊

ပြောပြရရင် 😌

😕နေဦး!!!!!✋✋✋

ဟိုနေ့က ကျွန်တော် ခင်ဗျားတို့ကိုမေးတော့ ကျွန်တော်စိတ်ကြီးဝင်ပီး ကြွားသမျှကို သည်းခံပါမယ်ဆို!!!!😐 Park Chanyeolလေး ကလေးလေး မမတို့ဆီပြန်လာပါဆို!!!!!😑

တကယ် ကြွားပီး အနိုင်ကျင့်တော့ သည်းမခံကြဘူး!!!😭😭😭 ..အနိုင်ကျင့်ချင်တာကို!!😭 မီဝေါ့!!😑

စိတ်တိုတယ်!!! 😒 စိတ်တိုရင် ဘာလုပ်ရမယ်လို့ Wu Yifanသင်ပေးထားတာရှိတယ်😒

Wu Yifanက ပြောတယ် 😊 သူစိတ်တိုတိုင်း စိတ်ပင်ပန်းတိုင်း ကျွန်တော့်မျက်နှာလေးကိုကြည့်ချင်တယ်တဲ့😊 ကျွန်တော့်မျက်နှာလေးကိုမြင်တိုင်း သူစိတ်ချမ်းသာပီး စိတ်ပင်ပန်းတာတွေပျောက်သွားလို့တဲ့..😌

အဲ့ဒါကြောင့် ကျွန်တော်လည်း စိတ်တိုတိုင်း မှန်ကြည့်တယ်😌

မှန်ထဲမှာမြင်နေတဲ့ ကျွန်တော့်မျက်နှာလေးက ချစ်စရာလေး😊 Park Chanyeolက တော်တော်ချစ်ဖို့ကောင်းတာပဲ...ချောလည်းချောတယ်..😊 ကျေနပ်တယ်....စိတ်ချမ်းသာတယ်..😊

အခု ကျွန်တော့်မျက်နှာကို ကျွန်တော်ပြန်မြင်လိုက်ရလို့ စိတ်တိုတာတွေပျောက်ပီး စိတ်ချမ်းသာသွားပီဆိုပေမယ့် 😌
နောက် တခါ ကျွန်တော် ခင်ဗျားတို့ကို အနိုင်ကျင့်တာကို သည်းမခံရင်တော့...😌 အဟင်းဟင်း....😌 ခင်ဗျားတို့ကို Wu Yifanနဲ့တိုင်ပြောမယ်!!😌

ဆိုတော့ကား...စိတ်ပြေသွားပီဆိုတော့ 😊
Wu Yifanနဲ့ ကျွန်တော် ဘယ်လိုချစ်သူစဖြစ်တာလဲဆိုတာကို ခင်ဗျားတို့သိအောင်ပြောပြမယ်!!!😎

ကျွန်တော် အထက်တန်းကျောင်း ပထမနှစ်ကပေါ့!!!😍

Flashback>>>>>>>>

"Park Chanyeol!!!!!! ...ရော့!!😡"

ကျွန်တော် မုန့်စားကျောင်းဆင်းလို့ ကျောင်းဈေးတန်းမှာမုန့်ဝယ်နေတုန်း Byun Baekhyunရယ် တရှူးရှူးတရှဲရှဲနဲ့ ဒေါသတွေထွက်ပီး ရောက်ချလာတယ်..😯 ဘာဖြစ်လာတာလဲမသိဘူး..

သတိ ✖ Singleများ မဖတ်ရ✖ (Completed✔ )Where stories live. Discover now