12

7.6K 864 121
                                    

💌Wu Yifan...ကျွန်တော်တို့လမ်းခွဲရအောင်...💌

စိတ်တိုင်းကျရေးထားသော messageကိုကြည့်ပီး တယောက်တည်းကျိတ်ရယ်ရင်း ကျေနပ်နေမိသည်..။
အဟိ...Wu Yifanတော့ နိုးနိုးချင်း messageမြင်တာနဲ့ လန့်သွားမှာပဲ..။😊April Foolမှန်းသိမှာမဟုတ်ဘူး..။
သေချာတယ်...သူက စာအုပ်ကြီးသမား...အလုပ်လုပ်ဖို့ပဲသိတာ....April Fool Dayတွေဘာတွေမှတ်မိမှာမဟုတ်ဘူး...ကျွန်တော့်ချစ်သူပိန်းဥကြီး...😊😊

အမယ်လေး....တွေးရင်း ရင်ခုန်လိုက်တာ...။😊
Wu Yifanဆီက ဘယ်လို တုံ့ပြန်မှု ပြန်ရမလဲမသိဘူး..
ရုပ်ရှင်တွေထဲကလို ခြေဗလာနဲ့အသည်းအသန်ပြေးလာပီး တောင်းပန်မလား..🙊
ဒါမှမဟုတ်.....ချက်ချင်းဖုန်းဆက်ပီး ငိုယိုပြနေမလား...🙈
တွေးရင်းနဲ့တောင် ပျော်တယ်..😊😊

ဒါနဲ့လေ...😒စိတ်ညစ်သွားရင်ဘယ်လိုလုပ်မလဲ??? စတာကိုစတာမှန်းမသိပဲ Fan Fanစိတ်ညစ်သွားရင်ရော??😥 သနားပါတယ်....စတာ လွန်သွားပီလားမသိဘူး....🙊

မဖြစ်သေးပါဘူး....April Foolမှန်းသိအောင် ကျွန်တော်လှမ်းပြောဦးမှပါ...😊 ကျွန်တော့်ချစ်သူစိတ်ညစ်မှာစိုးလို့လေ...😌 Chanyeolက Wu Yifanကိုအရမ်းချစ်တာ...😊

ကိုယ့်အတွေးနဲ့ကိုယ် ဖုန်းmessage ရေးနေရင်း ကျွန်တော့်ဖုန်းထဲကို messageတစောင်ဝင်လာတယ်..😦 Wu Yifanဆီက..😧

💌မင်းသဘောလေ....ငါအစကတည်းက ပြောချင်နေတာ...ငါလဲမင်းကိုစိတ်ကုန်နေပီ...ဒါဆိုဒီနေ့ကစပီး မင်းနဲ့ငါ ဘာမှမဆိုင်တော့ဘူးနော်...💌

အယ်....😦 အဲ့ဒါWu Yifanရေးတာရော ဟုတ်လား??
Wu Yifan...သူဘာအချိုးချိုးတာလဲ!!!
ကျွန်တော်က စနောက်တဲ့အနေနဲ့ messageလေးပို့ပီး စတာကို...သူက ဘယ်အချိန်ကတည်းက ဒီအခြေအနေကိုစောင့်နေတာလဲ!!! 😡

အရမ်းလမ်းခွဲချင်နေတာလား!!! အဲ့လောက်တောင်စိတ်ကုန်နေတာလား!!! Wu Yifan😡

မကျေနပ်ဘူး....ခင်ဗျားနဲ့ကျွန်တော်တွေ့မယ်!!!😡 လမ်းခွဲချင်တိုင်း ခွဲလို့ရမလား!!! 😡😡

Messageကိုမြင်သည်နှင့် ရုတ်တရက်ဖြစ်တည်လာသောဒေါသတို့နှင့် ကျွန်တော်သူ့ဆီသို့ဖုန်းခေါ်လိုက်သည်...လုံးဝမကျေနပ်ဘူး....သူကျွန်တော့်ကို ဒီလိုလွယ်လွယ်ပြောစရာလား!!

သတိ ✖ Singleများ မဖတ်ရ✖ (Completed✔ )Место, где живут истории. Откройте их для себя