10

8.6K 853 103
                                    

Final Examကြီးဖြေရန် ၁လသာကျန်တော့သည်မို့ Park Chanyeolအိမ်မှာ ကျွန်တော်နှင့် Oh Sehun စာသွားကျက်နေသောအချိန်ဖြစ်သည်...ကျွန်တော်ဆိုသည်မှာ Byun Baekhyunဖြစ်ပါသည်..😊

"Sehun...ငါ့ကို ဒါလေးရှင်းပြဦး...😰"

တနှစ်ပတ်လုံးအလေလိုက်ပျော်ရွှင်လာခဲ့သမျှ Byun Baekhyunတို့ ဒီအချိန် ထိုင်မရထမရ ဂနာမငြိမ်ရောဂါက ထလာလေပီ....
စာကျက်ချင်တဲ့စိတ်လေးကို ထွက်ပြေးသွားမှာစိုးလို့ မရမကမွေးထားရသည်မှာ အလုပ်တလုပ်...။
ဒါပေမယ့် .....😒
ဒီလိုအချိန်ဆို Oh Sehunတို့က သာသာယာယာပဲ..
Hyperထနေတဲ့အချိန်...😏
ကျွန်တော်စာတပုဒ်ကျက်မရလို့ သူ့သွားရှင်းပြခိုင်းတဲ့အချိန်ဆိုရင် သူက ကျက်ပီးလို့ revisionတောင်ပြန်ပီးပီဆိုတာမျိုး...😕

အခုလဲ ကြည့်ပါလား....😒 အမြင်ကတ်စရာ....။
ကျွန်တော်ကကျောင်းစာတွေနဲ့ရှုပ်နေတာကို သူက ကျောင်းစာအပြင် ပိုပီးပြည့်စုံအောင်ဆိုပီး Internetကနေစာတွေရှာဖတ်နေတယ်..😑

အမြင်ကတ်တယ်နော်...😑
ချစ်တာကချစ်တာပဲ......Byun Baekhyunရှေ့မှာ Hyperအချိုးတွေလာမချိုးနဲ့....😑 စိတ်ပေါက်လာရင် ထကိုက်ပစ်မှာ...😏

"Byun Baek မင်းကလဲ....ဒါလေးကို ....လာ လာ....ငါရှင်းပြမယ်...😌"

သူတပ်ထားတဲ့မျက်မှန်ကိုင်းကို Hyperဆန်ဆန် လက်ချောင်းလေးနဲ့ အသာပင့်တင်လိုက်ရင်း ကျွန်တော့်ကို သူ့နားမှာလာထိုင်ခိုင်းတယ်...😒 ချစ်ဖို့ကောင်းလိုက်တာ..
စာတော်တဲ့ကြက်ပေါက်လိုပဲ....😒အမြင်လဲကတ်တယ်..ချစ်လဲချစ်တယ်....ဒဲ့လဲကြွေတယ်..😒

"သားတို့ စားချင်တာရှိရင် Omaကိုပြောနော်..."

အခန်းတံခါးဖွင့်ကာဝင်လာသော Chanyeolရဲ့မေမေကတော့ လက်ထဲမှာ ကြက်ကြော်တွေ Colaတွေနဲ့....ကျွန်တော်တို့စာကျက်ရင်းစားဖို့ဆိုပီး လာချကျွေးသွားလေတယ်..😊
အဲ့ဒါကြောင့် စာမေးပွဲနီးတိုင်း Park Chanyeolတို့အိမ်မှာ စာလာကျက်တာ..😊 မုန့်လဲစားရတယ်...စာလဲရတယ်....ဟောသလို Oh Sehunစာရှင်းပြတာလဲခံရတယ်...😊😊
ကောင်းတယ်..ကောင်းတယ်....အရမ်းကျေနပ်တယ်....😊

"ဟင့်* 😢"

ဲSehunအတွက် Colaကိုဖွင့်ပေးပီး ကျွန်တော်ကြက်ပေါင်ကိုကိုက်မည်ပြင်နေတုန်း ဘေးမှာထိုင်နေတဲ့ Chanyeolဆီက ဟင့်**ခနဲရှိုက်သံကြီး ကြားလိုက်ရသည်...

သတိ ✖ Singleများ မဖတ်ရ✖ (Completed✔ )Where stories live. Discover now