9

8.4K 872 71
                                    

"ဘယ်မလဲ Wu Yifan မင်းဟာလေး??"

ဆိုင်ထဲဝင်ဝင်ချင်း ငယ်ပေါင်းကြီးဖော်သူငယ်ချင်းများက စိတ်ဝင်တစားမေးကုန်ကြပီ...အသက်၃၀နားနီးနေတဲ့ ဂေါ်မစွံလူပျိုကြီးတသိုက် ကျွန်တော်တို့တွေထဲကမှ ကျွန်တော်တယောက်တည်း Chanyeolလို ချစ်သူလေးကို ဘုရားသိကြားနတ်ကောင်းနတ်မြတ်တွေမစလို့ ကောက်ရခဲ့သည်လေ..😌

ဒါပေမယ့် 😪 ......။
ဟင်း...😪😪 ....နောက်မှ ဆက်ပြောတာပေါ့..😒

"မပါဘူးကွာ...😥 ခေါ်မရဘူး..."

"အောင်မာ...မင်းကောင်လေးက ဘာလား? ငါတို့နဲ့ မတွေ့ချင်တာလား??"

အသက်ကြီးနေပေမယ့် ငယ်ရုပ်ကနေမတက်သေးတဲ့Xiuminက ပေါက်ပေါက်ဖောက်လာပြန်တယ်...
ဘာလို့မလိုက်တာလဲဆိုတာကို မသိပဲနဲ့...😒 သူများကောင်လေးကို ၀ိုင်းပြောဖို့ပြင်နေကြတယ်😕
အဲ့ဒါကြောင့် ရည်းစားမရတာ..သူတို့ 😌
ဒီတသက်လဲ ရမှာမဟုတ်ဘူး.....😌😌

"စိတ်ကောက်နေတာ😒 ဟိုနေ့က ပြဿနာတက်တာ အခုထိ ချော့မရဘူး...😪"

"ဖြစ်ရတယ်..😕 Facebookပေါ်မှာတော့ တော်တော်ကဲတဲ့ဟာလေး...အပြင်မှာ မင်းကို တော်တော်နိုင်စားနေတာလား??"

"အဲ့လောက်လဲ မဆိုးပါဘူးကွာ...ငါ့ချစ်သူလေးကို မပြောပါနဲ့...စိတ်ကောက်နေရုံလေးကို..😒 ကောက်နေတာ ၃ရက်ရှိပီ....😪 အဲ့ဒီ ဆံပင်တွေကို လိမ်ကောက်နေအောင် ကောက်လိုက်တဲ့အချိန်ကစပီး ငါ့Chanyeolက တနေ့တခြား မတရားကို စိတ်ကောက်တတ်လာသလိုပဲ...😥 ....နေပစေဦး....😏 ပြန်အဆင်ပြေတဲ့အချိန်ကျမှ သူ့ဆံပင်တွေ အဖြောင့်ဆွဲပစ်မယ်...😊....Aigooo...ပြောနေရင်း လွမ်းလာပြန်ပီ...😪😪 ငါChanyeolနဲ့မတွေ့ရတာ ၃ရက်ရှိပီ...လွမ်းလွန်းလို့ သေတော့မှာ...😪😪"

"Wu Yifan မင်း အိုဗာတင်းသောက်မလား??😕"

"သောက်ခိုင်းမနေနဲ့....သူ့ဘာသာသူ အိုဗာတင်းဖျော်နေပီကို 😴😴နားတွေကို ညီးနေတာပဲ...😴"

အလုပ်ပင်ပန်းသည်ဟုဆိုကာ မှေးနေသောYixingမှ ထပြောလာ၍ ကျွန်တော်ပါးစပ်ပိတ်လိုက်ရသည်....
နှလုံးသားမရှိတဲ့ သူတွေ 😷
မချစ်တတ်ကြဘူး..😷😷
တကယ်လွမ်းလို့ ပြောပြနေတာကို 😷
Forever aloneကောင်တွေ 😷😷

သတိ ✖ Singleများ မဖတ်ရ✖ (Completed✔ )Where stories live. Discover now