Sequel: 4

6.4K 699 111
                                    

"Wu Yifan ...ဒီမှာ ကြည့်!!😊"

"ဘာလဲ...ဘာ"

ကျွန်တော့်ကိုလှည့်ကြည့်ရင်း စကားပြောဖို့တောင် ဆွံ့အသွားတဲ့ Wu Yifan..ပါးစပ်အဟောင်းသားလေးနဲ့ မျက်တောင်မခတ်စတမ်း ကျွန်တော့်ကို ငေးကြည့်နေလေတယ်😌

အဟင်း...😌 သိနေတယ်လေ....ဒီလိုလုပ်ရင် ဒီလိုဖြစ်သွားမယ်ဆိုတာကိုကြိုသိလို့ ဟိုလိုမလုပ်ပဲ ဒီိလိုလုပ်လာတာ..😌တကယ် ဒီလို ဖြစ်သွားရပီ😌

"မျက်တောင်လေးခတ်ဦး...Wu Yifan😌 မတွေ့ဖူးတဲ့သူတွေကျနေတာပဲ ကြည့်နေလိုက်တာ..Park Chanyeolကို မမြင်ဖူးဘူးလား😌"

"အမ်? သြော်....အင်း...ချစ်စရာလေး 😦"

"ခင်ဗျားချစ်သူ ချစ်ဖို့ကောင်းတာအခုမှသိလား...😌"

Wu Yifanဆီမှ ချစ်စရာလေးဟုအပြောခံရသဖြင့် ကျွန်တော်ကျေနပ်အားရနေတုန်း Wu Yifanရယ် ရှေ့တလှမ်းတိုးပီး ကျွန်တော့်ဆံပင်တွေကို လာကိုင်ကြည့်တယ်။ သူ့ကြည့်ရတာ ကျွန်တော့်ဆံပင်တွေကို အရမ်းအသည်းယားနေတဲ့ပုံ😌

အဲ့လိုပဲဖြစ်နေရမယ်လေ...သူ့ကိုSurpriseလုပ်ချင်လို့ မနေ့က ဆံပင်တွေ အရောင်သွားဆိုးလာတာ...😊
Light rainbow colourလေးလေ....😊 မဆိုးခင်ကတည်းက ကျွန်တော်နဲ့လိုက်လောက်မယ်မှန်းသိပေမယ့် ဆိုးပီးတော့ ဒီလောက်ကြီးချစ်စရာကောင်းသွားလိမ့်မယ်လို့ ထင်မထားဘူး 🙈အဟိ...ချစ်စရာမျက်နှာလေးရယ်....ချစ်ဖို့ကောင်းအောင်ကားထွက်နေတဲ့ နားရွက်လေးရယ်...ပန်းရောင် ခရမ်းရောင် ဖျော့ဖျော့လေးတွေ အရောင်စပ်ဖောက်ထားတဲ့ ဆံပင်လေးတွေရယ်...🙈 Wu Yifan ဆွံ့အသွားတာလည်းမပြောနဲ့.....ကျွန်တော့်ကိုယ်ကျွန်တော်တောင် ပြန်ကြိုက်ချင်တယ်!!🙈
Perfectဆိုတဲ့စကားဟာ Park Chanyeolအတွက်များလား??🙈

"Wu Yifan သဘောကျလား..😊"

"အင်း....အများကြီး အများကြီး သဘောကျတယ်....ဒါပေမယ့်....စိတ်ပူတယ်"

"ဘာကိုလဲ😯"

"အခု ကိုယ့်ကလေးက အရမ်းချစ်စရာကောင်းနေတယ်လေ....အဲ့တော့ တခြားလူတွေ ကလေးကိုလိုက်ကြည့်လိမ့်မယ်...အဲ့ဒါတွေ မကြိုက်တာပဲ...အကြည့်တောင် မခံစေချင်တာကို..😒..ဒီကလေးလေးကလေ အငြိမ်ကို မနေနိုင်တာပဲ...အစကတည်းကချစ်ဖို့ကောင်းပီးသားကို ထပ်ထပ်ထပ်ထပ်ပီးတော့ ချစ်ဖို့ကောင်းအောင်တွေလျှောက်လုပ်နေတယ်..."ကမ္ဘာ့ချစ်စရာအကောင်းဆုံးလူသား"ဆုကို ရမှ ငြိမ်ငြိမ်လေးနေနိုင်မှာလား.."

သတိ ✖ Singleများ မဖတ်ရ✖ (Completed✔ )Opowieści tętniące życiem. Odkryj je teraz